CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ကြောင်း NUG Japan Office က ထုတ်ပြန်ခဲ့ သည်။

အဆိုပါ ကိုယ်စားလှယ်ရုံး ဖွင့်ပွဲကို NUG ​၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ အမျိုးသမီး လူငယ်နှင့် ကလေးငယ်သူများဆိုင်ရာဝန်ကြီး ဒေါ်စူစန်နာလှလှစိုးတို့က အွန်လိုင်းကနေ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကြားကာလ လွှတ်တော်အမတ်များ၊ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးနေသော ရဲတာဝန်ခံများ၊ မီဒီယာများ တက်ရောက်ကြသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

NUG ​၏ ကိုယ်စားလှယ်ရုံးများကို တောင်ကိုရီးယား၊ ဩစတြေလျ၊ ချက် စသည့်နိုင်ငံများတွင်လည်း ဖွင့်လှစ်ထားကြောင်း သိရသည်။