CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၄

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို ယနေ့ (သြဂုတ် ၄ ရက်) နေ့လယ်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

NUG ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲ (NUG Representative Office)

အဆိုပါ ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ သြစတြေးလျနိုင်ငံမှ The Australian Greens ပါတီမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသလို သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်း အရာရှိကြီးများနှင့် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံ ဆိုင်ရာ ဒုတိယမဟာမင်းကြီးတို့လည်း တက်ရောက်ခဲ့ကြောင်း NUG ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် NUG သည် ကိုယ်စားလှယ်ရုံးများကို တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ချက်နိုင်ငံတို့မှာ ဖွင့်လှစ်ထားကြောင်း သိရသည်။