CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁


ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက် ည ၈ နာရီမှ အောက်တိုဘာ ၁ ရက်နေ့ ည ၈ နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း ၂၃၅၈၅ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၈၄၆ ဦး တွေ့ရှိခဲ့ပြီး ထပ်မံ သေဆုံးသူ ၅၄ ဦးရှိကြောင်း ယနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် ယနေ့အထိ ဓာတ်ခွဲ နမူနာ စုစုပေါင်း ၄ သန်းကျော် (၄,၃၄၁,၄၃၆ ခု)အား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၄ သိန်းကျော် (၄၆၅,၉၂၂ ဦး)ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ထို့နောက် ယနေ့ ဆေးရုံဆင်းခွင့် ရရှိသူ ၁၅၁၃ ဦး ဖြစ်သဖြင့် ယနေ့အ

ထိ စုစုပေါင်း ၄၁၉,၅၄၂ ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၅၄ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇,၇၈၉ ဦးရှိ ကြောင်း ယနေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဆိုထားသည်။


ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၇.၈ ရာခိုင်နှုန်းရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်ဟု ဆိုသည်။


ကိုဗစ်-၁၉ တတိယလှိုင်းကို ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ လက်ရှိ၌ လူဦးရေ အနည်းဆုံး ၆ သန်းကျော် ထိုးနှံပေးထားပြီး ဖြစ်ကြောင်း သိရသည်။