CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံအား လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု ဂမ်ဘီယာနိုင်ငံ၏ သက်သေမပြနိုင်သည့် စွပ်စွဲချက်ကို မြန်မာနိုင်ငံ၏ရှေ့နေ Sam Blom-Cooper က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ချေပလျှောက်လဲခဲ့သည်။

၂၀၁၆-၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်တပ် ကင်းစခန်း ၃၀ ကို အာဆာ(ARSA) အကြမ်းဖက်အဖွဲ့က တစ်ပြိုင်တည် တိုက်ခိုက်ခဲ့ပြီးနောက် ဟိန္ဒူလူမျိုးများ အပါအဝင် ရခိုင်နှင့် တခြားသော လူမျိုးများကို သတ်ဖြတ်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

အဆိုပါ အခြေအနေတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံမှ လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲ၍ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ စွပ်စွဲကာ တရားစွဲခဲ့သည့်အပေါ် မြန်မာနိုင်ငံက တာဝန်ယူ ဖြေရှင်းလျက်ရှိသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ICJ မှာ မြန်မာနိုင်ငံအား လူမျိုးသုဥ်း သတ်ဖြတ်မှု စွပ်စွဲချက်အပေါ် စစ်ဆေးလျက်ရှိရာ မြန်မာက ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေ့ချုပ် ဒေါ်သီတာဦး တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က သွားရောက် ဖြေရှင်းလျက်ရှိသည်။