CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး ကြိုးပမ်းနေရာ စက်တင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီမှ စက်တင်ဘာ ၂၇ ရက်နေ့ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၇၂၅ ခုအား စစ်ဆေးခဲ့စဉ် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၈၂ ဦးတွေ့ရှိပြီး ထပ်မံသေဆုံးသူ ၅၆ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄ သန်းကျော်(၄,၂၆၀,၉၅၉ ခု)အား စစ်ဆေးခဲ့ ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄ သိန်းကျော် (၄၅၉,၄၃၆ ဦး)ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။


ထို့နောက် ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၈၆၆ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄ သိန်းကျော် (၄၁၈,၈၂၁ ဦး) ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၅၆ ဦးရှိ သဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၅၈၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ည ၈ နာရီသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက “ နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်း ချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင် ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်”ဟု ဆိုသည်။


လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်နိုင်ငံလုံး လိုက်လံထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၆ သန်းကျော်ရှိပြီး ဖြစ်ကြောင်း သိရသည်။


အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်ကိုလည်း အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသူ/ သားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရေး ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက ပြောသည်။