CNI News
၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၂၆
မြန်မာနိုင်ငံက ဝယ်ယူသည့် တရုတ် Sinopharm ကိုဗစ်-၁၉ Vaccine အကြိမ်ရေ ၄ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စက်တင်ဘာ ၂၆ ရက်နေ့ ညနေမှာ ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် တရုတ် Vaccine ကုမ္ပဏီများချိတ်ဆက်ရန် တက်တက်ကြွကြွကူညီပေးပြီး အသက်သာဆုံး ဈေးနှုန်း၊ အလျင်မြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံထံ ကိုဗစ်-၁၉ Vaccine ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိအထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ Vaccine အကြိမ်ရေ ၁၆.၆ သန်းရှိပြီးဖြစ်ရာ ၎င်းတို့အနက် ၃.၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ၁၂.၇ သန်းသည် မြန်မာနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ကြောင်း တရုတ်သံရုံကဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို တစ်နိုင်ငံလုံးမှာ ထိုးပေးနေရာ လက်ရှိမှာတော့ လူဦးရေ စုစုပေါင်း ၆ သန်းကျော်အား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထား ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့နောက် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသူ/သားများကို မကြာခင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး ကျောင်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။