
- By CNI
- Category: အားကစား
- Hits: 599
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅
အချက်အလက်တွေကို သုံးသပ်တဲ့ Opta က မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ရယူဖို့ ၈၄ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ ရဲ့လက်ရှိပုံစံနဲ့ လက်ကျန်ပွဲစဉ်တွေကို အခြေခံပြီး စူပါကွန်ပျူတာက တွက်ချက်ထားတာ ဖြစ်ပါတယ်။
Opta က မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ထပ်ပြီးကိုင်မြှောက်နိုင်ဖို့ ၈၄.၆ ရာခိုင်နှုန်း ဖြစ်နိုင်ဖွယ်ရှိပြီး၊ လီဗာပူးလ်အသင်းက ၉.၁ ရာခိုင်နှုန်းသာ အခွင့်အရေးရှိကာ အာဆင်နယ်အသင်းကတော့ ၅.၆ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။
၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တဲ့ စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိနိုင်ဖို့ မျှော်လင့်ချက်က ဝ.၃ ရာခိုင်နှုန်း သာရှိပြီး အက်စတွန်ဗီလာအသင်းနဲ့ တူညီနေပါတယ်။
Opta ရဲ့ ခန့်မှန်းချက်ကိုတွေ့ရစဉ်
အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းကတော့ အဆင့် ၇ နဲ့ ရာသီအဆုံးသတ်တော့မယ်လို့ Opta က ခန့်မှန်းထားပြီး ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ပြီး အဆုံးသတ်နိုင်ဖို့ အခွင့်အရေး ၅.၉ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ၂ နှစ်ဆက်တိုက် အဆင့် ၄ နေရာနဲ့ ရာသီအဆုံးသတ်ဖို့ ၂၅ ရာခိုင်နှုန်း အခွင့်အရေးရှိပြီး ချယ်လ်ဆီးအသင်းက အဆင့် ၉ နေရာနဲ့ ရာသီအဆုံးသတ်မယ်လို့ ခန့်မှန်းထားတာပါ။
ပြီးခဲ့တဲ့ရာသီက တန်းတက်လာခဲ့တဲ့ လူတန်၊ ရှက်ဖီးယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းပြန်ဆင်းမယ်လို့ Opta က ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားအပြီးမှာ မန်စီးတီးအသင်းက အဆင့် ၁ နေရာမှာ ဦးဆောင်နေပြီး လီဗာပူးလ်၊ အာဆင်နယ်နဲ့ စပါးအသင်းတို့က အဆင့် ၂ ၊၃ နဲ့ ၄ နေရာမှာ ရပ်တည်နေတာပါ။
လူတန်၊ ရှက်ဖီးယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ကတော့ တန်းဆင်းဇုန် အဆင့် ၁၈၊ ၁၉ နဲ့ ၂၀ နေရာတွေမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 394
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅
လိုင်ယွန်အသင်းနောက်ခံလူ တာဂလီယာဖီဂိုက လာမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းအနေနဲ့ ချန်ပီယံဆုကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက်ဆီပါဝင် ကစားလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
တာဂလီယာဖီဂိုက “၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီပါဝင်ကစားနိုင်မယ့် အဓိကအချက်က လာမယ့်နှစ်မှာ ကျင်းပမယ့် ကိုပါအမေရိကဖလားကို အရယူဖို့ပါ။ ကာတာမှာသာ ကျနော်တို့ ကမ္ဘာ့ဖလားမရယူနိုင်ခဲ့ရင် သူလက်ရွေးစင်အသင်းကနေ ထွက်သွားမှာပါ။ ဒါပေမယ့် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အတွက် သူဟာ ဒီလတွေကို ပျော်ရွှင်နေတာပါ။ ဒါပေမယ့် ကျနော်တို့ အမေရိကန်ကိုသွားပြီး ကိုပါအမေရိကဖလားရယူနိုင်ခဲ့ရင်တော့ မက်ဆီဆက်ပြီးကစားပါလိမ့်မယ်”လို့ La Nacion ကို ပြောခဲ့တာပါ။
မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝမှာ မရရှိဖူးသေးတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို သူ့ရဲ့ဆုဖလားအောင်မြင်မှုထဲ ထည့်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ဘောလုံးကစားသမားဘဝဟာ ပြီးပြည့်စုံသွားပြီလို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေ၊ ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေက ပြောခဲ့တာပါ။
မက်ဆီကိုယ်တိုင်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားပေမယ့် နောက်ပိုင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲက အဝေးကြီးလိုသေးတဲ့အတွက် ကိုပါအမေရိကဖလားပြိုင်ပွဲအကြောင်းကိုပဲ တွေးထားတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းနောက်ခံလူ တာဂလီယာဖီဂိုအပါအဝင် တစ်သင်းလုံးကလည်း သူတို့အသင်းခေါင်းဆောင် မက်ဆီကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်နေကြတာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့ အာဂျင်တီးနားအသင်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်နေပြီး အာဂျင်တီးနားအသင်းဟာ နိုဝင်ဘာ ၁၆ ရက်မှာ ဥရုဂွေး၊ ၂၁ ရက်မှာ ဘရာဇီးလ်အသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 792
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅
စပိန်ဂိုးသမား ဒေးဗစ်ရာယာကြောင့် အာဆင်နယ်အသင်းမှာ ပွဲကစားခွင့်ဆုံးရှုံးနေတဲ့ သားဖြစ်သူ အာရွန်ရမ်စဒေးလ်ဆီမှာ အပြုံးတွေ ပျောက်ကွယ်နေပြီလို့ ဖခင်နစ်ခ်ရမ်စဒေးလ်က ပြောလိုက်ပါတယ်။
နစ်ခ်ရမ်စဒေးလ်က “အာရွန်ဆီမှာ အပြုံးတွေ ပျောက်ကွယ်နေပါပြီ။ သူ့ကို အရန်ခုံပေါ်မှာ မြင်တွေ့ရတာက တကယ်ကိုခက်ခဲပြီး အားလုံးက မင်းပြုံးနေဖို့ လိုအပ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ အာရွန်ကတော့ အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီး ဆုဖလားတွေ ရယူပေးနိုင်ဖို့ သူလုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့ပါ တယ်။
ရမ်စဒေးလ်ဟာ ဒီရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံး ပွဲထွက်ခွင့် ရခဲ့ပေမယ့် ဒေးဗစ်ရာယာ ရောက်ရှိလာ အပြီးမှာတော့ ပွဲကစားခွင့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ရမ်စဒေးလ်အနေနဲ့ အရန်ခုံမှာသာ ဆက်ပြီးရှိနေမယ်ဆိုရင် လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ ပါဝင်နိုင်မယ်လို့ ကတိမပေးနိုင်ကြောင်း ပြောထားပါတယ်။
ရမ်စဒေးလ်ဟာ ဒေးဗစ်ရာယာ ရောက်ရှိလာပြီးကတည်းက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ အာဆင်နယ် အသင်းရဲ့ အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့ရပြီး ဖလားပွဲတွေမှာသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ရမ်စဒေးလ်ကို တွေ့ရစဉ်
အင်္ဂလန်ဂိုးသမားဟာ ပြီးခဲ့တဲ့ မေလကမှ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားပေမယ့် ပွဲကစားခွင့် ဆုံးရှုံးနေတာကြောင့် သူ့ရဲ့အနာဂတ်ကို စဉ်းစားနေပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ရမ်စဒေးလ်အနေနဲ့ ဘယ်လိုအရာကိုမှ အလျင်စလို မဆုံးဖြတ်ဖို့ သတိပေးထားပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ရမ်စဒေးလ်ဟာ ၂၀၂၁ ခုနှစ်က ရှက်ဖီးယူနိုက်တက် အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၈၅ ပွဲ ပါဝင်ကစားထားပြီး မနှစ်ကရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် လက်စွမ်းပြသနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ တည်ငြိမ်မှုမရှိတဲ့ လက်စွမ်းတွေကြောင့် အာတီတာက ဒေးဗစ်ရာယာကို ဘရန်ဖို့ဒ်အသင်းကနေ ခေါ်ယူပြီး ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 541
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူမယ့် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အန်တိုနီဟာ ၂၀၂၂ ခုနှစ်နွေရာသီအပြောင်းအရွှေ့က အေဂျတ်စ်အသင်းကနေ ပေါင် ၈၅ သန်းနဲ့ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲရစ်တန်ဟတ်လက်ထက် ဈေးအကြီးဆုံးကစားသမား ခေါ်ယူမှု ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အန်တိုနီဟာ ယူနိုက်တက်အသင်းပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဘရာဇီးလ်ကစားသမားဟာ အခုရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၂ ပွဲပါဝင်ကစားအပြီးမှာ သွင်းဂိုးရော၊ ဂိုးဖန်တီးမှုရော ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။
အဲရစ်တန်ဟတ်ဟာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ အန်တိုနီဘက်ကနေ ရပ်တည်ပေးခဲ့ပေမယ့် အခု အချိန် မှာတော့ သူရဲ့ရပ်တည်မှုကို ပြောင်းလဲတော့မှာဖြစ်ပါတယ်။ The Sun က ဒတ်ချ်လူမျိုးနည်းပြဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဖွင့်တဲ့အချိန်မှာ အန်တိုနီကို ခေါ်ယူမယ့် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ဆန္ဒ ရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။ အဲရစ်တန်ဟတ်ဟာ တိုက်စစ်ပိုင်းရွေးချယ်မှုအသစ်ပြုလုပ်ဖို့ စိတ်အားထက်သန် နေပြီး အန်တိုနီအပြင် မာရှယ်နဲ့ ဆန်ချိုတို့ကိုလည်း ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။
အန်တိုနီရဲ့ ပုံစံကောင်းတွေပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး အဲရစ်တန်ဟတ်က “သူဟာ ရက်သတ္တပတ် ၂ ပတ် လောက် ပွဲမကစားနိုင်ခဲ့လို့ စည်းချက်တွေပျောက်ဆုံးသွားတာပါ။ သူဟာ ကောင်းမွန်တဲ့ရာသီကြိုရှိခဲ့ပေမယ့် အနားယူခဲ့ရတာကြောင့် သူ့ရဲ့ပုံစံကောင်းတွေပြန်ရလာဖို့ လိုအပ်နေပါပြီ။ အန်တိုနီဟာ ကျနော်တို့အတွက် မှန်ကန်တဲ့ကစားသမားဖြစ်တယ်ဆိုတဲ့ စွမ်းဆောင်ရည်မျိုး ယူဆောင်လာနိုင်မယ်ဆိုတာ ယုံကြည်တယ်”လို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ ဒီလိုပြောခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ကိုပင်ဟေဂင်၊ လူတန်အသင်းနဲ့ ပွဲတွေမှာ အန်တိုနီကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ရက်ရှ်ဖိုဒ့်နဲ့ ဂါနာချိုတို့ကို တောင်ပံတွေမှာ အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 396
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄
ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် ဆွာရက်ဇ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိက ဇုန်) ပွဲစဉ်အတွက် ထုတ်ပြန်ခဲ့တဲ့ နိုင်ငံအသင်းရဲ့ လူစာရင်းမှာ ပြန်ပါဝင်လာခဲ့ပြီး တိုက်စစ်မှူး ကာဗာနီကတော့ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပါတယ်။
ကာဗာနီဟာ ဥရုဂွေးအသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် နယူးဝဲလ်အိုးဘွိုင်းစ် အသင်းနဲ့ ပွဲစဉ်မှာ ဘိုကာဂျူနီ ယာအတွက် ပါဝင်ကစားရင်း ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
ဆွာရက်ဇ်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း ပထမဆုံးအကြိမ် ဥရုဂွေးအသင်း လူစာရင်းမှာ ပြန်လည် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဆွာရက်ဇ်ကို တွေ့ရစဉ်
အသက် ၃၆ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ဂါနာအသင်းနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဥရုဂွေးအသင်းအတွက် နောက်ဆုံး ပါဝင်ကစားထားပါတယ်။
ဆွာရက်ဇ်ဟာ ဥရုဂွေးအသင်းအတွက် ၁၃၇ ပွဲ ပါဝင်ကစားထားပြီး ၆၈ ဂိုး သွင်းယူထားကာ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
ဆွာရက်ဇ်အနေနဲ့ ဥရုဂွေးအသင်းအတွက် ပြန်လည် ပါဝင်ကစားခွင့်ရမှာဖြစ်လို့ သူ့ရဲ့စံချိန်ကို ၂ ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့တဲ့ မက်ဆီရဲ့ သွင်းဂိုးအရေအတွက် ပြန်လည်လိုက်မှီဖို့ အခွင့်အရေး ရရှိတော့မှာပါ။
မက်ဆီဟာ တောင်အမေရိကဇုန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ဆွာရက်ဇ်ရဲ့သွင်းဂိုး ၂၉ ဂိုးကို ကျော်ဖြတ်ပြီး ၃၁ ဂိုးနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဥရုဂွေးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၄ ပွဲ ကစားထားအပြီးမှာ ရမှတ် ၇ မှတ် နဲ့ အာဂျင်တီးနားအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဥရုဂွေးအသင်းဟာ ခြေစစ်ပွဲတွေအဖြစ် နိုဝင်ဘာ ၁၆ ရက်မှာ အာဂျင်တီးနား၊ ၂၁ ရက်မှာ ဘိုလီးဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 618
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄
လူတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ နိုဝင်ဘာလအကုန်ထိ အနားယူရမှာဖြစ်ပြီး ကွင်းလယ်လူ အဲရစ်ဆန်ကတော့ တစ်လကြာ အနားယူရမယ်လို့ ယူနိုက်တက်အသင်းက အတည်ပြု ခဲ့ပါတယ်။
အဲရစ်ဆန်ဟာ ဒူးဒဏ်ရာကြောင့် ဒီပွဲရဲ့ပထမပိုင်းမှာကတည်းက လူစားလဲခဲ့ရပြီး ဟော့ဂျ်လန်းက ကြွက်သား ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပါတယ်။
အဲ့ဒါကြောင့် သူတို့နှစ်ဦးစလုံးဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲယှဉ်ပြိုင်မယ့် ဒိန်းမတ်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ ပါတယ်။
ဒိန်းမတ်အသင်းဟာ နိုဝင်ဘာ ၁၇ ရက်မှာ ဆလိုဗေးနီးယား၊ ၂၀ ရက်မှာ မြောက်အိုင်ယာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဟော့ဂျ်လန်း ဒဏ်ရာရသွားစဉ်
အဲရစ်ဆန်ဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်း ကစားဖို့ရှိနေတဲ့ ချန်ပီယံလိဂ်အုပ်စု ၂ ပွဲအပြင် ပရီးမီးယား လိဂ်ပွဲစဉ် ၄ ပွဲကို လွဲချော်ဖွယ်ရှိနေပြီး ဟော့ဂျ်လန်းကတော့ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ လုပ်ခ်ရှော၊ လီဆန်ဒရိုမာတီးနက်ဇ်၊ မာလာစီယာ၊ ကတ်စမဲရိုး၊ အီဗန်စ်နဲ့ အာမတ်တို့ကို ဒဏ်ရာကြောင့် အနားပေးထားရပြီး အခုအချိန်မှာ အဲရစ်ဆန်နဲ့ ဟော့ဂျ်လန်းတို့ကိုပါ ဒီစာရင်းထဲ ထည့်သွင်းရ တော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လူတန်အသင်းနဲ့ ပွဲစဉ်မှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားထားတာမှာ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက မန်စီးတီးအသင်းနဲ့ ၇ မှတ်ကွာဟနေပါတယ်။
မန်ချက်စတာကလပ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရလဒ်ဆိုးနေပြီး ၄ ပွဲ ကစားထားတာမှာ ၁ ပွဲနိုင်၊ ၃ ပွဲ ရှုံးနိမ့် ထားလို့ နောက်တစ်ဆင့်တက်ဖို့အတွက် လက်ကျန် ၂ ပွဲစလုံး အနိုင်ယူဖို့ လိုအပ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး နိုဝင်ဘာ ၂၆ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 512
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃
ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်အနေနဲ့ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ်မှာ ဘရာဇီးလ် အသင်းအတွက် ပါဝင်မယှဉ်ပြိုင်သင့်ဘူးလို့ ပြောလိုက်ပါတယ်။
အာတီတာက “ကျနော် ဆရာဝန်တွေ ပြီးတော့ ဂျီးဆပ်စ်နဲ့ စကားပြောရမယ်။ ဘာကြောင့်လဲဆိုရင် သူဟာ ကျနော်တို့နဲ့ လေ့ကျင့်မှု ပြုလုပ်ခြင်း မရှိပါဘူး။ သူဟာ အသင်းနဲ့ လက်တွဲလုပ်ဖို့ ဝေးကွာနေပေမယ့် ဒါက ကလပ်နဲ့ နိုင်ငံအသင်းကြားက အတွင်းပိုင်း ဆက်သွယ်မှုပါ။ ပထမဆုံး ရည်ရွယ်ချက်ကတော့ ကစားသမားတွေရဲ့ အကောင်းဆုံးကို အမြဲတမ်းရှာဖွေဖို့ပါ”လို့ ပြောခဲ့ပါတယ်။
ဂျီးဆပ်စ်ဟာ အောက်တိုဘာ ၂၄ ရက်က ကစားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိပြီးကတည်းက အာဆင်နယ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့ပါဘူး။
ဂျီးဆပ်စ်ကို တွေ့ရစဉ်
အသက် ၂၆ နှစ်အရွယ်ရှိ ဂျီးဆပ်စ်ဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် ဘရာဇီးလ်အသင်းက ကိုလံဘီယာ၊ အာဂျင်တီးနား အသင်းတို့နဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေအတွက် သူ့ကို လူစာရင်းထဲ ရွေးချယ်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ ဒီနစ်ဇ်က ဂျီးဆပ်စ်ရဲ့ ဒဏ်ရာ အခြေအနေမှန်ကို သိရှိလိုတဲ့အတွက် သူ့ရဲ့ ဆေးအဖွဲ့ဝင် တွေက ကစားသမားကို စစ်ဆေးမှုတွေ ပြုလုပ်စေချင်တယ်လို့ အခုအပတ်အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။
ဒီနစ်ဇ်က “နောက်ဆုံး လူစာရင်းတုန်းက ကျနော်တို့ မာတင်နယ်လီကို အာဆင်နယ်ကနေ မခေါ်ယူခဲ့ပါဘူး။ သူဟာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကို အလွန်ပြီးပြည့်စုံတဲ့ နီးလမ်းနဲ့ သတင်းပေးပို့ခဲ့ခြင်း မရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့ဟာ အခြေအနေမှန်ကို သိရှိချင်တာကြောင့် ဂျီးဆပ်စ်ကို ခေါ်ယူသွားမှာပါ။ ကျနော်ကတော့ သူကစား နိုင်လောက်တဲ့ ကြံ့ခိုင်မှုရှိမယ်လို့ ယုံကြည်ကြောင်း"ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အာဂျင်တီးနား၊ ဥရုဂွေးအသင်းတို့ရဲ့ နောက် တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 861
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃
အင်္ဂလန်နောက်ခံလူ မက်ဂွဲယားက ယူနိုက်တက်အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပြီး သူ့ရဲ့နေရာ အတွက် တိုက်ပွဲဝင်ခဲ့တာကိုလည်း သက်သေ ပြသနိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
မက်ဂွဲယားက “ကျနော်ဟာ ပြီးခဲ့တဲ့ရာသီက ပွဲတွေကစားဖို့ အခွင့်အရေး ၂ ကြိမ်၊ ၃ ကြိမ်လောက် ရရှိခဲ့ပေမယ့် ဖျားနာတာနဲ့ ဒဏ်ရာတွေကြောင့် ဒါကိုလွဲချော်ခဲ့ပါတယ်။ ဒါကြောင့် စည်းချက်မညီတော့ဘဲ နည်းပြကို သက်သေ ပြသနိုင်မယ့် ပွဲတွေလည်း မရတော့ပါဘူး။ အခုတော့ ဒါကို ကျနော်ရရှိခဲ့ပါပြီ။ ကျနော်ဘောလုံး ကစားရတာကို အလွန်ပျော်ရွှင်နေပြီး ယူနိုက်တက်အတွက် ကစားပေးရတာကို အလွန်ပျော်ရွှင်နေတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီက ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်၊ လင်ဒီလော့ဖ်နဲ့ လုပ်ခ်ရှောတို့ကိုသာ ဗဟိုနောက်ခံလူတွေအဖြစ် ဦးစားပေး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က မက်ဂွဲယားနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ အပြောင်းအရွှေ့သတင်း တွေ ထွက်ပေါ်လာခဲ့ပါတယ်။
မက်ဂွဲယားကို တွေ့ရစဉ်
ဒါပေမယ့် မက်ဂွဲယားဟာ ပွဲထွက်ခွင့် နေရာရဖို့ တိုက်ပွဲဝင်ပြီး ယူနိုက်တက်အသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ် ခဲ့ပါတယ်။
အခုအချိန်မှာတော့ မက်ဂွဲယားဟာ ဗဟိုနောက်ခံလူတွေ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ အကောင်းဆုံး ခြေစွမ်းပြသခဲ့ပြီး ပွဲထွက်လူစာရင်းမှာ ပြန်ပါဝင်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အသက် ၃၀ နှစ် အရွယ်ရှိ နောက်ခံလူဟာ ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက် ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ကာ သူ့ရဲ့ခြေစွမ်းတွေကို သက်သေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဂွဲယားဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားတာပါ။
လက်စတာအသင်း နောက်ခံလူဟောင်းဟာ လက်ရှိအချိန်မှာတော့ ယူရို ၂၀၂၄ ခြေစစ်ပွဲ လက်ကျန် ၂ ပွဲကစားမယ့် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းနေပြီး လေ့ကျင့်ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 684
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃
ဘရန်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ ပြီး အင်္ဂလိပ်ဘောလုံးလောကမှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဆာလတ်ကို နည်းပြ ကလော့ပ်က ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။
ကလော့ပ်က “ဒါက ရူးသွပ်ဖို့ ကောင်းပါတယ်။ အင်္ဂလိပ်မှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တာက ထူးခြားပြီး သူဟာ အလွန် ကောင်းမွန်တဲ့ပွဲကို ကစားခဲ့ပါတယ်။ ဆာလတ် အနားမှာ အမြဲတမ်းကစားသမား ၂ ဦးရှိပေမယ့် သူကတော့ ဘောလုံးကို ထိန်းထားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာဆိုရင် ကျနော်တို့မှာ အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ ဆာလတ်က ထူးခြားတဲ့ ကစားသမားပါ”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းက ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလတ်ဟာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် အင်္ဂလိပ်ဘောလုံးလောကမှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တဲ့ မှတ်တမ်းရရှိခဲ့တာ ဖြစ်ပါတယ်။
ဆာလတ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၉၈ ဂိုး သွင်းယူထားပြီး ကျန် ၂ ဂိုးကိုတော့ ချယ်လ်ဆီးအသင်းမှာ ကစားချိန် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြ ကလော့ပ်ကိုတွေ့ရစဉ်
ဒါ့အပြင် ဆာလတ်ဟာ ရာသီအစ အသင်းရဲ့ အိမ်ကွင်းပွဲစဉ် ၆ ပွဲစလုံး ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး လီဗာပူးလ် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ဆာလတ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၆ ပွဲ ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ အန်ဖီးလ်ကွင်းမှာ ကစားတဲ့ပွဲတွေမှာ ရှုံးပွဲမရှိသေးဘဲ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရ တဲ့ ပွဲစဉ်ဟာ အိမ်ကွင်းမှာ လိဂ် ၆ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းထက် ၁ မှတ် လျော့နည်းပြီး ပရီးမီးယား လိဂ်အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
လီဗာပူးလ်အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး နိုဝင်ဘာ ၂၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 1442
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃
ဘရန်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ ပြီး အင်္ဂလိပ်ဘောလုံးလောကမှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဆာလတ်ကို နည်းပြ ကလော့ပ်က ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။
ကလော့ပ်က “ဒါက ရူးသွပ်ဖို့ ကောင်းပါတယ်။ အင်္ဂလိပ်မှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တာက ထူးခြားပြီး သူဟာ အလွန် ကောင်းမွန်တဲ့ပွဲကို ကစားခဲ့ပါတယ်။ ဆာလတ် အနားမှာ အမြဲတမ်းကစားသမား ၂ ဦးရှိပေမယ့် သူကတော့ ဘောလုံးကို ထိန်းထားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာဆိုရင် ကျနော်တို့မှာ အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ ဆာလတ်က ထူးခြားတဲ့ ကစားသမားပါ”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းက ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလတ်ဟာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် အင်္ဂလိပ်ဘောလုံးလောကမှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တဲ့ မှတ်တမ်းရရှိခဲ့တာ ဖြစ်ပါတယ်။
ဆာလတ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၉၈ ဂိုး သွင်းယူထားပြီး ကျန် ၂ ဂိုးကိုတော့ ချယ်လ်ဆီးအသင်းမှာ ကစားချိန် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြ ကလော့ပ်ကိုတွေ့ရစဉ်
ဒါ့အပြင် ဆာလတ်ဟာ ရာသီအစ အသင်းရဲ့ အိမ်ကွင်းပွဲစဉ် ၆ ပွဲစလုံး ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး လီဗာပူးလ် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ဆာလတ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၆ ပွဲ ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ အန်ဖီးလ်ကွင်းမှာ ကစားတဲ့ပွဲတွေမှာ ရှုံးပွဲမရှိသေးဘဲ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရ တဲ့ ပွဲစဉ်ဟာ အိမ်ကွင်းမှာ လိဂ် ၆ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းထက် ၁ မှတ် လျော့နည်းပြီး ပရီးမီးယား လိဂ်အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
လီဗာပူးလ်အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး နိုဝင်ဘာ ၂၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA