CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂
အင်္ဂလန်နောက်ခံလူ ဂျိုးဂိုးမက်ဇ်က သူဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီး နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဂျိုးဂိုးမက်ဇ်က “ကျနော် လီဗာပူးလ်ကနေ ထွက်ခွာဖို့ နီးစပ်ခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်ဟာ ကလပ်အပေါ်မှာ အမြဲတမ်း အာရုံစိုက်ခဲ့ပါတယ်။ ဒီမှာရှိနေရတာဟာ ဘယ်လောက်ကောင်းမွန်လဲဆိုတာကို သိပြီး လာမယ့် နွေရာသီဆိုရင် ဒီမှာရှိတာ ၁၀ နှစ်ရှိသွားပါပြီ။ အပြောင်းအရွှေ့ မဖြစ်ခဲ့ပြီးနောက်မှာ ကျနော်ဟာ အသင်းနဲ့အတူ လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဂျိုးဂိုးမက်ဇ်ဟာ နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့ပြီး နယူးကာဆယ် အသင်းက ဂေါ်ဒွန်ဟာ လီဗာပူးလ်အသင်းထံ ပြန်လည်ပြောင်းရွှေ့လာမယ့် အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့ ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားခဲ့ပြီးနောက် ဂျိုးဂိုးမက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ဆက်ပြီး ရှိနေခဲ့တာပါ။
ဂျိုးဂိုးမက်ဇ်ကို တွေ့ရစဉ်
ဂျိုးဂိုးမက်ဇ်ဟာ ဗန်ဒိုက်၊ ကိုနာတေး၊ ကွမ်ဆက်တို့ရဲ့ အနောက်မှာသာ ရာသီအသစ်ကို စတင်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ အဓိက နောက်ခံလူတွေရဲ့ ဒဏ်ရာကြောင့် ဂျိုးဂိုးမက်ဇ်ဟာ အသင်းအတွက် ပါဝင်ခွင့်ရခဲ့ပြီး အခုဆိုရင် ပြိုင်ပွဲစုံ ၁၁ ပွဲအထိ ပါဝင်ကစားထားတာပါ။
အသက် ၂၇ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ် ၃ ပွဲစလုံး ပွဲထွက်လူစာရင်း ပါဝင်ခဲ့ပြီး လာမယ့် ပွဲတွေမှာလည်း ဗန်ဒိုက်နဲ့အတူ တွဲဖက်ပြီး ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဂျိုးဂိုးမက်ဇ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီအကုန်ထိ သက်တမ်းရှိနေတာပါ။
ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဆင့် ၁ နေရာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် လိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal