CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄

ဖေဖော်ဝါရီ ၁၃ ရက်၌ ယူကရိန်းနယ်ခြားအနီး ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၃၀,၀၀၀ ကျော်အထိ တိုးမြှင့်စုဝေးလာခဲ့ကြောင်း အမေရိကန်ဘက်က ပြောသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးသည် ဂျိုးဘိုင်ဒန်နှင့် တစ်နာရီကြာ တယ်လီဖုန်းပြောခဲ့ရာ၌ အားကောင်းပြီး ထိတ်လန့်ဖွယ်ရာ ရုရှားတို့၏ထိုးစစ်အတွက် လုံခြုံစိတ်ချရသည့် အကာအကွယ်အောက်တွင် ယူကရိန်းနိုင်ငံကို ထားရှိ ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိတ်လန့်ဖွယ်ရာ ရုရှားစစ်တပ်၏ ထိုးစစ်ကို ဟန့်တားဖို့ ကြိုးစားနေကြောင်း၊ သံခင်းတမန်ခင်း နည်းလမ်းဖြင့် ဆက်လက် တွန်းအားပေး လုပ်ဆောင်ရန် နှစ်နိုင်ငံသဘောတူခဲ့ကြကြောင်း သမ္မတအချင်းချင်း တယ်လီဖုန်းပြောပြီးနောက် အိမ်ဖြူတော် က သတင်းထုတ်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံအတွင်းသို့ ကျူးကျော် ဝင်ရောက်ခြင်းဖြင့် လွဲချော်သော အကြောင်းပြချက်တစ်ခု ရုရှားဖန်တီးလာမည်ကို စိုးရိမ် မိကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့က ထုတ်ဖော် ပြောကြားလာခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်း အမေရိကန်နှင့် ဥရောပ ထောက်လှမ်းရေး၏ တွေ့ရှိချက်များအရ ရုရှားနိုင်ငံသည် ယူကရိန်း အရှေ့ပိုင်း၌ ဖေဖော်ဝါရီ ၁၅ ရက်က စစ်ရေးလေ့ကျင့်မှုများကို ပစ်မှတ်ထားရန် ကြိုးပမ်းလာမည်ကို စိုးရိမ်စရာဖြစ်လာခဲ့ ကြောင်း အဆိုပါ အရေးကိစ္စနှင့် နီးစပ်သူနှစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် အေပီက ဆက်လက်ရေးသားထားသည်။

ယူကရိန်းပြည်သူများ စစ်သင်တန်းတက်နေကြစဉ် 

၎င်းတို့၏ အမည်များကိုတော့ အေပီက ဖော်ထုတ်ရေးသားခြင်းမရှိပေ။

ယူကရိန်းပြည်တွင်း စစ်ရေးလေ့ကျင့်မှုကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်လာလျှင် မော်စကို၏ အယောင်ပြ စစ်ဆင်ရေး ဖြစ်နိုင်ခြေတစ်ရပ်ကို ရုရှားရွေးချယ်လာနိုင်သည်ဟု အမေရိကန်ထောက်လှမ်းရေးအရာရှိများက ယုံကြည်ထားကြသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကျူးကျော်မှုတစ်ခု စတင်ရန် နောက်ဆုံးသန္နိဋ္ဌာန် ချထားခြင်း ရှိ/မရှိ အတိအကျ မသိရှိ ကြောင်း အိမ်ဖြူတော်က အလေးပေးပြောကြားခဲ့သည်။

ရုရှားတပ်များ မကြာမီ ကျူးကျော်ရန် စီစဉ်နိုင်သည်ဟု အမေရိကန်အစိုးရတာဝန်ရှိသူများ၏ ပြင်းထန်သော သတင်း ထုတ် ပြန် ချက်များကို ယူကရိန်းသမ္မတ ဇာလန်းစကီးကတော့ မေးခွန်းထုတ်နေဆဲဖြစ်ပြီး ဝါရှင်တန်၏ သတိပေးချက်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

Source: AP