- By CNI
- Category: နိုင်ငံရေး
- Hits: 1860
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈
တပ်မတော်ကို ယိုင်နဲ့ချိနဲ့နေပြီဟု ပြောခြင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်ပြီး အသက်သွင်းချင်သည့် အနေဖြင့် ပြောခြင်းဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
နွေဦးတော်လှန်ရေး သမိုင်းမှာ ထူးခြားသည့် တော်လှန်ရေးဖြစ်ပြီး ယိုင်နဲ့ ချိနဲ့နေပြီဖြစ်သည့် တပ်မတော်ကို အပြီးတိုင် ဖြိုလှဲ ချရန် အကောင်းဆုံးအချိန် ဖြစ်နေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဦးသိန်းထွန်းဦးက “ခက်တာက အဲဒီစကားမျိုးကတော့ တော်တော်များများ သူတို့ ဒီ NUG ဘက်က အကြိမ်တိုင်းနီးပါး ပြောနေ ကြတာပဲ။ ဘယ်အချက်အလက်ကို ယူသလဲဆိုတာ ခုချိန်ထိ ကျနော်တို့ မသိရဘူး။ ဒီထက်ပိုဆိုးတာက ဆိုလိုတာက မြေပြင် အခြေအနေ ဘယ်အခြေအနေပေါ် မူတည်ပြီး သူတို့ ယူထားတာလဲပေါ့။ အဲဒါတွေ မရှိဘဲ ပြောနေတဲ့ အခါကြတော့ ပွင့်ပွင့် လင်းလင်း ပြောရရင် ကျနော်တို့ သုံးသပ်ရမယ်ဆိုရင် ဒါက သီးသန့်ပြောတဲ့ စကားလို့ သုံးသပ်လို့ ရပါတယ်။ အဓိကကတော့ ကျနော်တို့ အနည်းဆုံးတော့ Research data လေးတော့ သင့်တန်လောက်တဲ့ ခိုင်မာတဲ့ အနေအထားမျိုးကတော့ ကျနော်တို့ ယူဖို့ လိုအပ်တယ်။ အဲဒါတွေ မပါဘဲ ပြောတယ်ဆိုရင်တော့ ဒါက ဝါဒဖြန့်ရေးရာ သက်သက်ပဲ။ ဆိုလိုတာကတော့ လူတွေ စိတ်ဓာတ် တက်ကြွလာအောင် အနည်းဆုံးတော့ သူတို့ရဲ့ အခက်အခဲ ရှိနေပြီဖြစ်တဲ့ လက်နက်ကိုင်လှုပ်ရှားမှု လမ်းစဉ်ကို ဆက်ပြီး အသက်သွင်းချင်တဲ့ အနေနဲ့ ပြောတယ်လို့ပဲ သုံးသပ်ပါတယ်” ဟု CNI သို့ ပြောသည်။
လက်ရှိ နွေဦးတော်လှန်ရေးမှာ လူအင်အား၊ ငွေအင်အားများကို ယခုအချိန်အထိ အားမလျှော့ပဲ ပါဝင်ခဲ့ကြကြောင်း၊ ယခု တော်လှန်ရေးသည် မိမိတို့ မြန်မာနိုင်ငံသမိုင်းမှာ ကွဲပြားမှုများ ရှိနေသည့် လူမျိုးပေါင်းစုံ၊ ဘာဘာပေါင်းစုံ၊ နေရာဒေသ အသီးသီးက ပြည်သူများ စုစည်းမိသည့် ထူးထူးခြားခြား တော်လှန်ရေးဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ PDF ရဲဘော်များ
နယ်မြေ လွှမ်းမိုးနိုင်မှု ၄၈ ရာခိုင်နှုန်း ရှိနေပြီဟု NUG မှ ကြေညာထားကြောင်း၊ တပ်ရင်းပေါင်း ၂၀၀ ကျော် ဖွဲ့စည်းထားနိုင် သည့်အတွက် ယခုလို ပြောခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “အခုဆိုလို့ရှိရင် သူတို့ ပြောတဲ့ သဘောထားအရ နယ်မြေတွေ ကျနော်တို့ အုပ်စိုးနိုင်မှု၊ လွှမ်းမိုးနိုင်မှု ၄၈ ရာခိုင်နှုန်း သူတို့ ရှိနေပြီလို့ NUG က ကြေညာတယ်လေ။ နောက်တစ်ခုက NUG ကာကွယ်ရေးဌာနက ဖွဲ့စည်းထားတဲ့ ကျနော်တို့ တပ်ရင်းပေါင်းက ၂၀၀ ကျော်ရှိပြီ။ နောက် သီးခြားလှုပ်ရှားနေတဲ့ PDF အဖွဲ့အစည်း အားလုံးက ၅၀၀ ကျော် ရှိ တယ်လို့ ဆိုတာပေါ့ဗျာ။ အဲဒီလို အခြေအနေတွေ ရှိနေတဲ့အောက်မှာ အခြေအနေကတော့ မျှခြေ အခြေအနေတော့ ရောက် နေပြီ။ သူတို့ ပြောတဲ့ သဘောအရ” ဟု ပြောသည်။
NUG ၏ ယာယီသမ္မတမှ တုံ့ပြန်သည့် တိုက်ပွဲများ၊ ထိုးစစ်များ လုပ်ဆောင်ရန် လှုံ့ဆော်မှုကြောင့် ယခု ရက်ပိုင်းအတွင်း မြို့ပြတိုက်ပွဲများ၊ ဒေသတွင်း တိုင်းဒေသနှင့် ပြည်နယ်များတွင် တိုက်ပွဲ အရှိန်အဟုန်များ မြင့်မားလာကြောင်း ၎င်းက ပြော သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် ပဋိပက္ခ များ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ် တို့မှာ ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ ၁ သန်း နီးပါး ရှိကြောင်းလည်း UN က ထုတ်ပြန်ထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1387
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်းမှာ တပ်မတော်နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့ (PDF)တို့ ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နေအိမ်တစ်လုံး လက်နက်ကြီးကျ ရောက် ပေါက်ကွဲမှုကြောင့် မီးလောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ နေအိမ်မီးလောင်မှုမှာ တပ်မတော်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွ့ဲဘက်က ပြောသည်။
ထို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1234
- By CNI
- Category: နိုင်ငံရေး
- Hits: 1558
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆
မိမိကိုယ်မိမိ အသေခံ ဗုံးခွဲခဲ့သည့် ဒေသကာကွယ်ရေးတပ် (PDF) ကို သူရဲကောင်းအဖြစ် အသိအမှတ် ပြုသော်လည်း အဆိုပါ လုပ်ရပ်ကို အားမပေးကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ သဲတောရွာ ဘုန်းတော်ကြီးကျောင်းတွင် စခန်းချနေသည့် မြန်မာ့တပ်မတော်မှ PDF များကို လိုက်လံပစ်ခတ် ဖမ်းဆီးစဉ် PDF ဘက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ဦးသန်းစိုးနိုင်က “မိမိကိုယ်မိမိ အသေခံဗုံးခွဲတဲ့ ဖြစ်စဉ်ကတော့ ဒါဟာ ပထမဦးဆုံး ဖြစ်စဉ်ပေါ့ဗျာ။ အဲဒီလို ဖြစ်စဉ်မျိုး ဖြစ်လာ ရခြင်းအတွက် ဒါဟာ စစ်ကောင်စီရဲ့ ရက်စက်မှုကို အမြင့်မားဆုံး တုံ့ပြန်တဲ့ တုံ့ပြန်မှု တစ်ရပ်အဖြစ် ကျနော်တို့ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်နည်းကိုင်နည်းကို ကျနော်တို့ အနေနဲ့ သိပ်ပြီးတော့ လှုံ့ဆော်အားပေးလိုတဲ့ ဆန္ဒမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ကိစ္စမျိုးတွေဟာ ယုံကြည်မှု ပြင်းထန်မြင့်မားစွာနဲ့ ကိုယ့်အသက် ကိုယ်ရင်းပြီး အဲဒီလို လုပ် တယ်ဆိုတဲ့ ကိစ္စဟာ ဂျပန်ခေတ်က ကာမီကာစီတွေ လုပ်တဲ့ လုပ်ရပ်မျိုး ဖြစ်တယ်၊ အဲဒီ လုပ်ရပ်မျိုးနဲ့ စစ်ပွဲကို ရင်ဆိုင်တဲ့ အတွက် စစ်ပွဲဟာ မနိုင်ပါဘူး။ စစ်ပွဲနိုင်တယ်ဆိုတာက ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပါဝင်တဲ့ တိုက်ပွဲတွေနဲ့သာ အောင်ပွဲရ တာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

နွေဦးတော်လှန်ရေး သပိတ်
အဆိုပါ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် မြန်မာ့တပ်မတော်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ခေတ်သစ်မီဒီယာ သို့ ရေစကြိုမြို့နယ်မှ PDF ရဲဘော်တစ်ဦးက ဖြေကြားထားသည်။
ဦးသန်းစိုးနိုင်က “ကျနော်ကတော့ ချီးကျူးဂုဏ်ပြုတယ်၊ ဒါပေမဲ့ အဲဒီလို တစ်ကိုယ်တော် စွန့်စားမှုတွေနဲ့တော့ ကျနော်တို့ ပြည်သူတွေ တန်ဖိုး မပေးစေချင်ဘူး။ အဲဒီလိုနည်းနဲ့ တော်လှန်ရေးကို အောင်ပွဲမခံနိုင်ဘူး။ ပြည်သူတစ်ရပ်လုံ;ကို ဝိုင်းဝန်း လှုံ့ဆော်ပြီး တိုက်ခိုက်ကြမှ ဖြစ်မယ်လို့ ကျနော်ယုံကြည်တဲ့အတွက် အဲဒီသဘောထားကို ပြောတာပါခင်ဗျ” ဟု ပြောသည်။
လက်ရှိ ဆင်နွှဲနေသော နွေဦးတော်လှန်ရေး ကာလအတွင်း ရေစကြိုမြို့နယ်မှာ ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်း သည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာကာ နိုင်ငံတော်အာဏာကို ရယူထားသည်။
ထို့နောက် တပ်မတော် ဆန့်ကျင်ရေး ဒီမိုကရေစီ ပြန်လည်ရရှိရေး လက်နက်ကိုင် တော်လှန်မှုများ ပေါ်ပေါက်လာကာ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1510
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆
ပခုက္ကူမြို့မှတဆင့် တခြားမြို့နှင့် မြို့နယ်များသို့ မြေဆီ၊ ဘက်ထရီ၊ ဝါယာကြိုး သံထည် အမျိုးမျိုးနှင့် ဆေးဝါး စသည်တို့ကို စစ်ဆေးရေးဂိတ်များက သယ်ဆောင်ခွင့် မပြုကြောင်း ပခုက္ကူမြို့နယ်သို့ ကုန်ပို့ဆောင်နေသည့် ကုန်ကားသမားများထံမှ သိရသည်။
အဆိုပါ ပစ္စည်းများကို သယ်ဆောင်ခွင့် မပြုကြောင်း သက်ဆိုင်ရာ အာဏာပိုင်များမှ ထုတ်ပြန်ချက် တစ်စုံတရာ ထုတ်ပြန် ထားခြင်း မရှိသော်လည်း မြို့အဝင်အထွက်နှင့် လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များက အထက်ပါ ပစ္စည်းများကို သယ်ဆောင်လာ ခြင်း မပြုကြရန် ကုန်ကားသမားများကို ပြောထားကြောင်း သိရသည်။
ထို့နောက် ဆန်ကိုလည်း အကန့်အသတ်ဖြင့်သာ သယ်ဆောင်ရကြောင်း ပေါက်မြို့နယ်မှ ပခုက္ကူသို့ ကြက်သွန်လာရောက် ပို့ဆောင်သည့် ကုန်ကားသမား ကိုမြင့်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ကိုမြင့်ဇော်က “ဆန် ၅ အိတ်ထက် ပိုမတင်ရဘူး။ နောက်ပြီးတော့ စားတဲ့ဆေးတို့၊ ထိုးဆေး အဲဒါတွေ မတင်ရဘူး။ ဘက်ထရီ အိုး မတင်ရဘူး။ ဝါယာကြိုးလည်း မတင်ရဘူး။ ဆိုလာတို့၊ မီးစက်တို့ ဘာတို့ပေါ့ဗျာ အဲဒါတွေ မတင်ရဘူးလို့ ပြောတာပဲ” ဟု ပြောသည်။
ဆေးပစ္စည်းများကို သယ်ဆောင်ရာတွင် ဆရာဝန်ကိုယ်တိုင် ပါရှိမှသာ သယ်ဆောင်ခွင့် ရရှိကြောင်း ၎င်းက ပြောသည်။

ပခုက္ကူမြို့အ၀င်မှာ ကားများကို စစ်ဆေးနေစဉ်
တင်ဆောင်ခွင့် ကန့်သတ်ထားသည့် ပစ္စည်းများကို တရားဝင် ထုတ်ပြန်ပေးထားခြင်း မရှိသည့်အတွက် ကုန်တင်ကား သမားများအနေဖြင့် တင်ဆောင်ရန် အခက်အခဲ ရှိနေခြင်းနှင့် တင်ဆောင်မှု မပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ကန့်သတ်ကုန်စည်များ တင်ဆောင်မိခဲ့သည့် အခါများတွင် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများက ကုန်တင်ကား သမားများကို အပြစ်ပေးသည့် ပုံစံမျိုးများ လုပ်ဆောင်ကြကြောင်း ကုန်ကားသမားတစ်ဦးဖြစ်သူ ဦးနေလင်းက ပြောသည်။
ဦးနေလင်းက “မထွက်ရဲတဲ့ ကားသမားတွေက များတာလေ နောက်ပိတ်ဆုံးကျတော့ ထွက်လည်း မထွက်ပါဘူး။ ထွက်လည်း အဲဒါတွေ ကျနော်တို့က မလွတ်တာတွေ မတင်ရဲတော့ဘူး။ သူက အန္တရာယ် ရှိလာနိုင်တာကိုး။ ရှိလည်း ရှိပါတယ် အဲဒါတွေ က။ တကယ်လို့ တင်သွားရင်လည်း ရှိတယ်။ ဥပမာ ပိုက်ဆံမတောင်းဘဲနဲ့ လူအပြစ်ပေးထားတဲ့ ပုံစံမျိုးတွေ။ နေပူထဲမှာ လက်ခေါင်းပေါ် တင်ပြီးမှ ထိုင်နေရတာမျိုးတွေ အဲဒါမျိုးတွေ ကားသမား တော်တော်များများ ကြုံရတယ်လေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ ကန့်သတ် ကုန်စည်များကို တင်ဆောင်မိသည့် အခါတွင် စစ်ဆေးရေးဂိတ်များမှ တာဝန်ရှိသူများက ထိုကုန်စည်များ အား သိမ်းဆည်းခြင်း၊ ဖြတ်သန်းခွင့် မပေးခြင်း၊ ဒဏ်ကြေး ဆောင်ခိုင်းခြင်း စသဖြင့် လုပ်ဆောင်လေ့ရှိကြောင်း ကုန်ကား သမားများထံမှ သိရသည်။
ကန့်သတ်ထားသည့် ကုန်စည်များ တင်ဆောင်ခွင့် မရသည့် မြို့နယ်များမှာ ပခုက္ကူမြို့နယ်နှင့် အနီးတဝိုက်ရှိ ပေါက်မြို့နယ်၊ မုံရွာ၊ ရေစကြို၊ ယော၊ ပုလဲ၊ ဆိပ်ဖြူ၊ စလင်းနယ် စသည့် ဒေသများ ပါဝင်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1763
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေး နည်းလမ်းရှာဖွေရာတွင် ရွေးကောက်ပွဲကသာ နိုင်ငံရေးထွက်ပေါက် ဖြစ်သည်ဟု မှတ်ယူခြင်းက မဖြစ်သင့်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
နစက-က ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရသည့် ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောဆိုထား သော်လည်း ထိုရွေးကောက်ပွဲမှာ နစကအတွက် ထွက်ပေါက် ဖြစ်နိုင်သော်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးတွင် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးဖေသန်းက “တချို့ပါတီတွေကတော့ ဒီရွေးကောက်ပွဲမှာ ဝင်မယ်ဆိုတော့ တစ်ဖက်က သူ့မှာတော့ အင်အားတစ်ခု၊ သူ့ကို ထောက်ခံတယ်။ သူနဲ့ ပူးပေါင်း ဆောင်ရွက်တယ်ဆိုတဲ့ နိုင်ငံရေးအင်အားစုတွေတော့ သူ့အတွက်က နည်းနည်း အသာစီး ရသွားတဲ့ သဘောရှိတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက PR စနစ်နဲ့ သွားမှာဆိုတော့ ဒါက တိုင်းပြည်ရဲ့ တကယ့် ထွက်ပေါက် တော့ မဟုတ်ဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ထွက်ပေါက်တော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ တိုင်းပြည်မှာ အဲဒီလို ရွေးကောက်ပွဲကို အတိုက်အခံပါတီတွေ မရှိတဲ့ အချိန်မှာ၊ အားမကောင်းတဲ့ အချိန်မှာ ဒီ PR စနစ်နဲ့ သွားတယ်ဆိုတော့ ဒါက သူ့အနေနဲ့ တိုင်း ပြည်ကို တကယ့်ကို ရေရှည်သွားမယ့် ဖွံ့ဖြိုးတိုးတက်ရေးက အစ၊ ပြည်တွင်းစစ် ရပ်စဲရေးကအစ အဲဒီအပေါ်မှာတော့ အခြေ မခံဘူး။ အဲဒီအပေါ်မှာတော့ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ လုပ်ရုံဖြင့် တိုင်းပြည်တည်ငြိမ်မှု ဖန်တီးနိုင်မည်ဆိုသည်မှာ မရေရာသည့် အခြေအနေ ဖြစ်နေကြောင်း၊ တိုင်းပြည် တည်ငြိမ်ရေးမှာ တွေ့ဆုံဆွေးနွေးမှုက အရေးပါကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီ တောင်းဆိုခြင်း (AP)
စိုင်းထွန်းအောင်လွင်က “ရွေးကောက်ပွဲ တစ်ခုတည်း လုပ်ရုံနဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုကို ဒီ ၂၀၁၀ နောက်ပိုင်းလို ဖန်တီးပေး နိုင်မလားဆိုတာ မရေရာတဲ့ အခြေအနေမျိုးပေါ့။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေးတွေ၊ ဘာတွေက အရေးပါတာပေါ့ဗျာ။ အဲဒီ တော့ ဘယ်သူနဲ့ တွေ့ဆုံ ဆွေးနွေးမှာလဲတို့ ဘာတို့ကလည်း အဲဒီနေရာမှာ အရေးကြီးလာမယ်နဲ့ တူပါတယ်။ ဒီတိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ပဲ ပြီးမလားဆိုတာလည်း မသေချာပါဘူးနော်။ အခု ဒီတိုင်းရင်းသား တပ်ဖွဲ့တွေကြီးပဲ ခေါ်တာတောင်မှ လာတဲ့ အဖွဲ့လာတယ်၊ မလာတဲ့ အဖွဲ့မလာဘူး၊ ဒါမျိုးတွေ ဖြစ်နေတာကို။ အဲဒီတော့ ဇာတ်လမ်းတွေက ရှေ့ဆက် အများကြီး ရှုပ်နေ ဦးမယ်လို့တော့ ယူဆပါတယ်။ သူ့အနေနဲ့ကတော့ ရွေးကောက်ပွဲတို့ ဘာတို့နဲ့က သူ့ထွက်ပေါက်လုပ်တာပေါ့။ ဟုတ်တာပေါ့ လေ။ ရွေးကောက်ပွဲတို့၊ ဘာတို့နဲ့ ထွက်ပေါက်လုပ်တယ်။ ဒါကတော့ ရေရှည်စဉ်းစားစရာ ကိစ္စတစ်ခုပေါ့” ဟု ပြောသည်။
ထို့နောက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မည်ဟု တချို့က မှတ်ယူထားသော နစက ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထု လက်ခံခြင်း ရှိ/မရှိဆိုသည်မှာ လက်ရှိ အနေအထားအရ ပြောဖို့ခက်ခဲကြောင်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။
အဆိုပါ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ပြောကြားခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1643
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က မိမိကို မြန်မာနိုင်ငံကနေ ဖိအားပေး ထွက်ခွာခိုင်းနေသည် ဟု တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားချက်သည် ဖြစ်စဉ်နှင့်ကွဲလွဲနေဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၁၄ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။
Mr. Pete Vowles က နစက-က မိမိကို မြန်မာပြည်မှ ထွက်ခွာရန် ဖိအားပေးလာသည့်အတွက် စိတ်မကောင်းဖြစ်ရ ကြောင်း၊ ထို့အတူ စစ်တပ်၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ဖိအားပေးမှုအား ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဇူလိုင် ၁၃ ရက်တွင် တွစ်တာမှာ ပြောထားသည်။
ထိုရေးသားဖော်ပြမှုသည် မှန်ကန်မှု မရှိသည့်အပြင် ဖြစ်ရပ် မှန်နှင့် ကွဲလွဲလျက်ရှိနေသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောသည်။
ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles ရေးသားချက်
၎င်းက “ ဗြိတိန်အစိုးရက Mr. Pete Vowles အား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗြိတိန်သံအ မတ်ကြီး အဖြစ် ခန့်အပ်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် အဆိုပြုသဖြင့် မြန်မာအစိုးရက ဇွန်လ ၂၂ ရက်တွင် သဘောတူ ညီကြောင်း ပြန်ကြားခဲ့သည်။ Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့ ပြီးနောက် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ တစ်ဦးအနေဖြင့် သံတမန်လုပ်ထုံး လုပ်နည်းများနှင့် အညီ ၎င်း၏ ခန့်အပ်လွှာမိတ္တူကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲထံသို့ လည်း ကောင်း ပေးအပ်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ပေးအပ်ရန် ရှောင်လွှဲခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဘက်သို့ Mr. Pete Vowles ၏ ပြည်ဝင်ဗီဇာကို ကန့်သတ်ခဲ့ကြောင်း၊ ထို အခြေအနေတွင် ဗြိတိန်နိုင်ငံဘက်က Mr. Pete Vowles အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် အဆိုပြု ထား မှုကို ရုပ်သိမ်းကြောင်းနှင့် ရန်ကုန်မြို့၊ ဗြိတိန်သံရုံး၊ သံရုံးယာယီ တာဝန်ခံအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ပြောင်းလဲ အဆိုပြု ခဲ့ရာ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့်အတွက် သံရုံး ယာယီ တာဝန်ခံ ခန့်အပ်မည်ဆိုပါက ၎င်းအစား အခြား ပုဂ္ဂိုလ်တစ်ဦးအား ပြန်လည် အဆိုပြုရန်ဖြစ်ကြောင်း မြန်မာဘက်က အကြောင်း ကြားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
နိုင်ငံခြားရေးဝန်ကြီးဌာနက “ ယင်းနောက် Mr. Pete Vowles က ၎င်း၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုကြောင်း ဗြိတိန်ဘက်မှ မေတ္တာရပ်ခံခဲ့မှုကို နိုင်ငံခြား ရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ယခု Mr. Pete Vowles မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းမှာ ၎င်း၏ ပြည်ဝင် ဗီဇာသက်တမ်း မကုန်ဆုံးမီ ထွက်ခွာသွားခြင်းသာ ဖြစ်သည်။ ယခုကိစ္စတွင် Mr. Pete Vowles အနေဖြင့် ခန့်အပ်လွှာ ပေးအပ်ခြင်းမပြုဘဲ မြန်မာနိုင်ငံ၌ သံအမတ်ကြီး အဖြစ် လာရောက် နေထိုင်လိုခြင်းဖြစ် ပြီး ဗြိတိန်ဘက်က သံတမန်ကျင့်ထုံး၊ ကျင့်ဝတ်တို့နှင့်အညီ ဆောင်ရွက်မှု မပြုခဲ့ခြင်းသာ ဖြစ် သည်”ဟု ပြောသည်။
ထို့နောက် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံအနေဖြင့် သံတမန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ ခြင်းကြောင့် Mr. Pete Vowles သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗြိတိန်အစိုးရသည် အရပ်သား အစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီ နည်းကျမဟုတ်သည့် အာဏာရယူခြင်းကို ဆောင်ရွက် ထားခြင်းကြောင့် နစက အဖွဲ့ဝင် တချို့နှင့် လုပ်ငန်းများကို ပိတ်ဆို့ အရေးထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2510
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄
ရှမ်းနီပြည်သူလူထုအပေါ် ကြမ်းကြုတ်စွာ၊ ရက်စက်စွာ သတ်ဖြတ်မှုနှင့်အတူ သွေးခွဲသပ်လျှိုနေသော လုပ်ရပ်များကို ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) မှ ယနေ့ (ဇူလိုင် ၁၄ ရက်)တွင် သတိပေး ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် လက်ရှိ ပြည်တွင်း မငြိမ်မသက်မှု ဖြစ်နေစဉ် ရှမ်းနီဒေသတွင်း၌ ပိုမိုရှုတ်ထွေးပြီး အထင်အမြင် လွဲမှားစေမည့် လုပ်ရပ်များ၊ အပြောအဆိုများ၊ အရေးအသားများနှင့် ထုတ်ပြန်ချက်များသည် ပကတိ အခြေအနေများကို ပျက်စီးစေကြောင်း၊ ရှမ်းနီလူထုနှင့် SNA ကို သွေးခွဲသပ်လျှိုခြင်း၊ ပြိုကွဲစေနိုင်မည့် လုပ်ရပ်များကို အစီအစဉ်တကျ ဆောင် ရွက်ခြင်း စသည့် လူမဆန်သည့် လုပ်ရပ်များအား ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အတွက်ကြောင့် ရှမ်းနီလူထုများ အနေဖြင့် ဆိုရှယ်မီဒီယာမှ လည်းကောင်း၊ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေ၍ လည်း ကောင်း ဆောင်ရွက်မှုမှန်သမျှအား သတိပြု ရှောင်ရှားကြရန်နှင့် ကာကွယ်တိုက်ဖျက်နိုင်ကြရန် SNA မှ တိုက်တွန်းခဲ့သည်။

SNA ထုတ်ပြန်ချက်
ရှမ်းနီလူမျိုးအပေါ် လူမျိုးသုန်း ပျက်စီးစေလိုသော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို ၎င်းတို့၏ ရက်စက်ယုတ်မာ ကြမ်းကြုတ်မှုများ၊ ရှမ်းနီသစ္စာဖောက်များနှင့် အပေါင်းအပါ အများ၏ အကြောင်းမဲ့ နှိပ်စက် အကြမ်းဖက် သတ်ဖြတ် အနိုင် ကျင့်မှုများကို အမြစ်ပြတ် ချေမှုန်းသွားမည်ဟု SNA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းနီအမျိုးသား အလုံးစုံ ပျက်စီးရေးနှင့် လူမျိုးရေး ပဋိပက္ခကို ဦးတည် လုပ်ဆောင်နေသူများ၏ နေ့စဉ်သွေးခွဲ သပ်လျှိုခြင်း၊ သစ္စာဖောက် လက်ဝေခံများ အသုံးချ၍ ဖိနှိပ်ခြင်း၊ ပြည်သူလူထု အမြင်ဝေဝါးစေမည့် သတင်း အတုအယောင်များ၊ လုပ်ကြံ ဖန်တီးခြင်း၊ မမှန်မကန်သော လုပ်ရပ်များကို လွှဲချဖုံးဖိခြင်း၊ အသံကောင်းဟစ် ကြွေးကြော်ခြင်း စသည့် လုပ်ရပ်များအား လုံးဝ ရပ်တန့်ရန်နှင့် လုံးဝရှုတ်ချကြောင်း၊ SNA ၏ သည်းခံနိုင်မှုသည် အတိုင်းအတာရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1982
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော် သား ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ (ဇူလိုင် ၁၄ ရက်) တွေ့ဆုံ ဆွေးနွေးကြသည်။
မိုင်းနောင်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်အတွင်းမှာပါဝင်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်သည့် SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း ၃ ခုကို ပြန်ဆုတ်ခိုင်းရာမှာ အကျေလည် ဖြစ်နေသည့် အခြေအနေများကို ဆွေးနွေးနိုင်ခြေ ရှိကြောင်း နီးစပ်သူများက ပြောသည်။
တပ်မတော်က မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP တပ်စခန်း ၃ ခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာသွားရန် ဇွန်လ ၄ ရက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က SSPP ထံ စာပို့ခဲ့သည်။
သို့သော် အဆင်မပြေသည့်အတွက် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရန် ဒုတိယအကြိမ် အကြောင်းကြား ခဲ့သော်လည်း ယနေ့အချိန်ထိ သဘောတူညီချက် မရသေးခြင်းပေ။
ထို့နောက် ယနေ့ (ဇူလိုင် ၁၄ ရက်)တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်မှာ SSPP နှင့် တပ်မတော် တို့ တွေ့ဆုံ ဆွေးနွေးနေကြခြင်း ဖြစ်သည်။
