CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅

၄၄ ကြိမ်မြောက် အာဇာနည်နေ့ တော်လှန်ရေးအာဇာနည်များ အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ ဗဟိုဌာချုပ်တွင် ယနေ့ (ဒီဇင်ဘာ ၅ ရက်) ကျင်းပခဲ့သည်။

SSPP/SSA သည် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ရှမ်းပြည်တပ်မတော်(SSA)ကို စတင် ထူထောင်ခဲ့ပြီးနောက် ၁၉၇၁ ခုနှစ်၊ သြဂုတ် ၁၆ ရက်၌ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အား ဖွဲ့စည်း ခဲ့သည်။

SSPP 

SSPP သည် ၁၉၈၉ တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးခဲ့သည်။ ၂၀၁၀ တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခိုင်းရာ ဗိုလ်မှူးကြီးစဝ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ ၁ က ငြင်းဆန်ခဲ့ သည်။

ထို့နောက် လက်ရှိ ဗိုလ်ချုပ်ကြီးစဝ်ပန်ဖက SSPP/SSA ကို ပြန်လည် အသက်သွင်းကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ယခုအချိန်ထိ ဦးဆောင်လျှက်ရှိသည်။

SSPP သည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၂၀၁၂ ခုနှစ်၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(Bilateral)အား လက်မှတ်ထိုးခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တော့ လက်မှတ် မထိုးနိုင်သေးပေ။