CNI International News

ဆစ်ဒနီ၊ မတ်လ ၇

ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ထုတ်ရန်အတွက် ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များနှင့် အခြားစစ်သုံး ကိရိယာများအတွက် ဒေါ်လာ သန်း ၅၀ ပေးအပ်ရန် ယူကရိန်းသို့ ဩစတြေးလျက ကတိပြုခဲ့ပြီးနောက် ဒုံးကျည်များ ပေးပို့ခြင်းဖြစ်သည်။

ရုရှားနှင့်တရုတ်တို့၏ နီးကပ်သော ဆက်ဆံရေးသည် မဟာဗျူဟာထက် အခွင့်အရေးကောင်း တစ်ခုအဖြစ် တည်ရှိနေ ကြောင်း ဩစတြေးလျဝန်ကြီးချုပ်က ဝေဖန်ခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

“ကျနော်တို့ ဒုံးကျည်တွေ ယူကရိန်းမြေပေါ် ရောက်နေပြီ” ဟု ဩစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားတစ်ဦးကိုတွေ့ရစဉ်(AP)

အဆိုပါနှစ်နိုင်ငံ၏ မဟာမိတ်ရပ်တည်ချက်ကို “အကြွင်းမဲ့ အာဏာစက်ဝန်း”ဟု ဝန်ကြီးချုပ် စကော့မောရစ်က တံဆိပ်ကပ်ခဲ့ ပြီး ရုရှားနှင့်တရုတ်တို့သည် ဒုတိယကမ္ဘာစစ်ကတည်းက ရှိခဲ့သည့် ကမ္ဘာ့အစီအစဉ်ကို ပိုမိုနှစ်ခြိုက်ကြကြောင်း ပြောကြားခဲ့ သည်။

ယူကရိန်းသို့ ရုရှားကျူးကျော်မှုကို ရှုတ်ချရန် ဘေဂျင်း၏ပျက်ကွက်မှုနှင့် အခြားနိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့အရေးယူ ချိန်၌ ရုရှားဂျုံကုန်သွယ်ရေး တရုတ်တိုးချဲ့နေမှုတို့ကို မော်ရင်ဆင်က ဝေဖန်အပြစ်တင်ခဲ့သည်။

Source: AP