CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
 
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင် မြတ်ကျော်နှင့် ULA ကိုယ်စားလှယ်အဖွဲ့တို့ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း အတူတူ တက်ခဲ့သည့် ဦးဦးလှစောက CNI သတင်းဌာနသို့ အတည်ပြုပြောသည်။
 
ဦးဦးလှစောက “ဟုတ်တယ်၊ ဟုတ်တယ် AA မဟုတ်ဘူး ULA ပါ။ ဟုတ်တယ်(ဗိုလ်ချုပ်ထွန်းမြတ်နိုင် ညီပါတယ်လို့ သိရတယ်)၊ ညီဖြစ်တယ်။ နာမည်က အောင်မြတ်ကျော်”ဟု ပြောသည်။
 
ပြည်ထောင်စုနေ့ အခမ်းအနားကို ULA ကိုယ်စားလှယ်အနေဖြင့် ဦးဦးလှစောက ဦးဆောင်၍ ကိုယ်စားလှယ် ၅ ဦး တက်ရောက်ကြောင်း သိရသည်။
 
 
ဦးဦးလှစောကိုတွေ့ရစဉ်
ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်)ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့်အတူ ထာဝရငြိမ်းချမ်းရေး အကြို ညှိနှိုင်းဆွေးနွေးပွဲသို့ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးရသော လက်နက်ကိုင်အဖွဲ့များ တက်ရောက်ရန် ဖေဖော်ဝါရီ ၆ ရက်တွင် နစက-က ဖိတ်ခေါ်ခဲ့သည်။
 
ထို့နောက် ယနေ့ ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အစ်ကိုဖြစ်သူနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ လားရှိုးမြို့ဆက် ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းနှင့် အတူတူ ဓာတ်ပုံတွဲရိုက်နေသည်ကို တွေ့ရသည်။