CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂


(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွ န်းမြတ်နိုင်၏ ညီဖြစ်သူနှင့် AA ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။


ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်)ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့်အတူ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးရသော လက်နက် ကိုင်အဖွဲ့များ တက်ရောက်ရန် ဖေဖော်ဝါရီ ၆ ရက်တွင် နစက-က ဖိတ်ခေါ်ခဲ့သည်။


ထို့နောက် ယနေ့ ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ လားရှိုးမြို့ဆက် ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းနှင့် အတူတူ ဓာတ်ပုံတွဲရိုက်နေသည်ကို တွေ့ရသည်။