CNI International News
ဘာလင်၊ ဖေဖော်ဝါရီ ၉
ဂျာမန်အစိုးရပိုင် DW ရုပ်သံဌာနဟု လူသိများသည့် Deutsche Welle ၏ ဝန်ထမ်း ၅ ဦးကို စုံစမ်းခဲ့ရာ ကိုးကွယ် ယုံကြည်မှု ဆိုင်ရာပြဿနာ မတွေ့ရသော်လည်း ၎င်းတို့က အလုပ်မှထုတ်ပယ်ခဲ့ကြောင်း rt.com က ရေးသားဖော်ပြသည်။
အဆိုပါ ဝန်ထမ်းများကို လုပ်ငန်းခွင်အတွင်း အနှောင့်အယှက်ဖြစ်စေသည့် မှတ်ချက်များပေးခဲ့ကြောင်း စွပ်စွဲချက်ဖြင့် စုံစမ်း စစ်ဆေးမှုအပြီးတွင် ယင်းကဲ့သို့ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
ထိုဝန်ထမ်းများကို မီဒီယာလုပ်ငန်းအတွက် လူအင်အားစုဆောင်ရေး လုပ်ငန်းစဉ်များအပြင် လုပ်ငန်းခွင်ပြင်ပမှ လာရောက်၍ ဟောပြောသူ ဧည့်သည်များနှင့်ဆက်စပ်၍လည်း DW ရုပ်သံ အာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့သည်။
၎င်းဝန်ထမ်း ၅ ဦး ထုတ်ပယ်ခြင်းအပြင် အာရဗီရေးရာ တာဝန်ယူရသည့်ဌာန၌ လုပ်ကိုင်ခဲ့သူ ၄ ဦး၊ အလွတ်သတင်းထောက် အချို့ကိုလည်း တာဝန်မှ ရပ်စဲခဲ့ပြီး ဆက်လက် စုံစမ်းစစ်ဆေးနေသည်။
DW လုပ်ငန်းခွင် အစီအစဉ်တင်ဆက်နေ(DW)
DW ရုပ်သံသတင်းဌာနသည် နှစ်စဉ် ဂျာမန်ဖက်ဒရယ်အစိုးရ ရန်ပုံငွေမှ သန်းနှင့်ချီ၍ ရရှိနေကြောင်း၊ ယခုပြဿနာအတွက် တိကျသေချာသည့် သက်သေ အထောက်အထား မပြသနိုင်သေးပေ။
အစ္စရေးကို ကင်ဆာသဖွယ် ဆိုးကျိုးအမြစ်ပွားသည့် အဓိပ္ပါယ်ဖြင့် ရည်ညွှန်းခဲ့သော သတင်းထောက်တစ်ဦးနှင့် ဂျူးလူမျိုးများ ကို ပုရွက်ဆိပ်ဖြင့် ခိုင်းနှိုင်း၍ Holocaust (နာဇီတို့၏ ဂျူးငရဲခန်း) အကြောင်း ပြောဆိုခဲ့သည့် လူသစ်စုဆောင်းရေး တာဝန်ခံ တစ်ဦးတို့ကို လုပ်ငန်းခွင်အတွင်း စုံစမ်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုများကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှူးများက ကိုင်တွယ် သည်ဟု သိရသည်။ ၎င်းတို့သည် လူမှုကွန်ရက် မီဒီယာများကဲ့သို့ အများသူငှာ အလွယ်တကူ ရနိုင်သည့် အချက်အလက် များ ကိုသာ ခွဲခြမ်းစိတ်ဖြာ၍ သုံးသပ်ခဲ့ကြသည်။
DW အနေဖြင့် ၎င်း၏ ဝန်ထမ်းများနှင့် စီးပွားရေး မိတ်ဖက်များကို ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဆန့်ကျင်မှုဝါဒကို အဓိပ္ပါယ်ဖွင့် ဆိုထားသည့် အသေးစိတ် လမ်းညွှန်ချက်များကို ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ပြီး အစ္စရေးဌာနေ သတင်းထောက်များရုံး အတွက် နောက်ထပ် ငှားရမ်းတာဝန်ပေးမှုများ ရှိဦးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Source: rt.com