CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၏ စည်ပင်နယ်နမိတ်နှင့် လူနေရပ်ကွက်အတွင်း စက်သုံးဆီဆိုင် ဆောက်လုပ်နေမှု ကို ရပ်တန့်ရန် ဒေသခံများက ယနေ့ (ဇန်နဝါရီ ၃၀) ရက် နံနက်ပိုင်းက ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် စက်သုံးဆီဆိုင်များကို မြို့တွင်းတွင် ရောင်းချခြင်းမပြုဘဲ မြို့ပြင်တွင်သာ ရောင်းချရန် သတ်မှတ်ထားကြောင်း၊ ယင်းအတွက်ကြောင့် မြို့တွင်းတွင် စက်သုံးဆီဆိုင် ဆောက်လုပ်နေမှုအား ရပ်တန့်ရန် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တောင်ကုတ်မြို့၌ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၎င်းနောက် မြို့ အတွင်း စက်သုံးဆီရောင်းချခွင့်မပြုတော့ဘဲ မြို့ပြင်တွင် ရောင်းချရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။