CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းလာမည့် အစိုးရသစ်သည် စုပေါင်းခေါင်းဆောင်မှုရှိသည့် အစိုးရတစ်ရပ် ဖြစ်လာနိုင် သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ထိ အပိုင်း(၃)ပိုင်း ခွဲ၍ ကျင်းပခဲ့ပြီးနောက် မတ်လမှာ လွှတ်တော်ခေါ်၍ ဧပြီလမှာ အစိုးရသစ်ကို ဖွဲ့စည်းမည်ဖြစ် သည်။
လာမည့် အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်း၍ Checks and Balances သွားမည့် အနေအထားရှိ၍ စုပေါင်းခေါင်းဆောင်မှု အစိုးရတစ်ရပ် ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၂၆ မှာတော့ ကျနော်တို့ အစိုးရသစ်ပုံစံပေါ့။ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ နောက်တစ်ခု နစက အစိုးရပုံစံအနေ နဲ့ အများကြီး ကွဲပြားမယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်အစိုးရပုံစံ အနေနဲ့လည်း ကွဲတယ်ပေါ့နော်။ အဲ့ဒီဟာကို သိဖို့လိုတယ်။ အခုက နိုင်ငံတော်အတိုင်ပင်ခံကောင်စီပါ ပါပြီးတော့မှ အုပ်ချုပ်ရေး၊ လွှတ်တော်၊ နိုင်ငံတော်အတိုင်ပင်ခံကောင်စီ ဆိုပြီးတော့မှ ဒီလိုပုံစံကို Checks and Balances သွားဖို့၊ စုပေါင်းခေါင်းဆောင်မှုပုံစံနဲ့သွားမယ့် အခင်းအကျင်း တစ်ခု တွေ့ရတယ်။ ပိုမို save ဖြစ်တဲ့ တပ်မတော်ဘက်ဆိုင်ရာ အစိုးရပေါ့နော်။ ဒီသဘောပဲရှိတာကို ပိုမိုကျစ်လစ် တဲ့ စုစည်းမှုပုံစံကို ပြင်ဆင်တာလို့ ကျနော်မြင်တယ်။ အဲ့ဒါက ဘာလဲဆိုတော့ နိုင်ငံတကာနဲ့ပတ်သက်ပြီး ပိုပြီး တော့မှ ကျစ်လစ်တဲ့ သံတမာန် အခင်းအကျင်းတွေ၊ အစိုးရပုံစံတွေ၊ နောက်ထပ် စီးပွားရေးပုံစံကို ပြောင်းဖို့ ပြင် ဆင်တယ်လို့ မြင်တယ်။ ဒီတိုင်းကြီး လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးပုံစံရယ်၊ တရားစီရင်ရေးရယ် မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ သွားတဲ့ပုံစံက လက်ရှိ အခင်းအကျင်း အရဆိုရင် လိုအပ်နေတယ်။ ဒီထပ် စုပေါင်းခေါင်းဆောင်မှု တစ်ရပ်ကိုလို တယ်။ ပိုပြီးထိန်းချုပ်ဖို့ လိုတယ်လို့ ကျနော်တော့ မြင်တယ်။ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ် အတည်းတွေ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အကျပ်အတည်းတွေမှာ ဒီပုံစံသွားတာကတော့ မြန်မာနိုင်ငံအတွက် တော့ ကောင်းတယ်လို့ ယူဆပါတယ်။ ဒါကတော့ အစိုးရသစ် အခင်းအကျင်း ပုံစံပေါ့နော်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဒီမိုကရက်တစ်ခေါင်းဆောင်မှု သို့မဟုတ် စုပေါင်းခေါင်းဆောင်မှုသည် အုပ်စုအတွင်း၌ ပါဝင်သူများအနေဖြင့် ဆုံး ဖြတ်ချက်ချမှတ်ခြင်း၊ လုပ်ငန်းစဉ်တွင် ပိုမိုပါဝင်ကြသည့် ခေါင်းဆောင်မှု တစ်မျိုးဖြစ်ပြီး၊ ထိုခေါင်းဆောင်မှုကို အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂလိက လုပ်ငန်းတစ်ခုက အစိုးရအဖွဲ့အထိ ကျင့်သုံးနိုင်ကြောင်း သိရသည်။
အဆိုပါ ခေါင်းဆောင်မှုတွင် လူတိုင်းပါဝင်ရန် အခွင့်အလမ်းရှိခြင်း၊ စိတ်ကူး သဘောထားများကို လွတ်လပ်စွာ ဖလှယ်နိုင်ခြင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများကို အားပေးခြင်းတို့ရှိကြောင်း၊ ဒီမိုကရက်တစ် လုပ်ငန်းစဉ်သည် စိတ်ကူး သဘောထားများ လွတ်လပ်စွာ စီးဆင်းရေးနှင့် အုပ်စုတွင်း ညီမျှရေးတို့ကို အဓိကထားသော်လည်း လမ်းညွှန်မှုများ ပေးရန်နှင့် ထိန်းချုပ်မှုပြုလုပ်ရန် အုပ်စု၏ခေါင်းဆောင် ရှိနေဆဲဖြစ်သည်။
အစိုးရသစ် အခင်းအကျင်းတွင် စုပေါင်းခေါင်းဆောင်မှုဆိုခြင်းက ခေါင်းဆောင်ပေါ် မူတည်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “စုပေါင်းခေါင်းဆောင်မှုဆိုတာ သူကဒီမှာကျတော့ ဒီလက်ရှိ ဖွဲ့စည်းပုံကတော့ အမေရိကန်ပုံစံပဲလေ။ သ မ္မတက အာဏာရှိတယ်။ ဒီမှာလည်း ထိန်းကျောင်းမှုက အတန်အသင့်တော့ရှိတယ်။ စုပေါင်းခေါင်းဆောင်မှုဆို တာကတော့ ခေါင်းဆောင်ပေါ် မူတည်တာပေါ့နော်။ ခေါင်းဆောင်က လက်ခံလား၊ လက်မခံဘူးလား ဆိုတဲ့သ ဘောတော့ ရှိတာပေါ့နော်။ ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမှာ။ ပထမ တစ်ချက်က လွှတ်တော်က ကြံ့ခိုင်ရေး ကြီးပဲ အကုန်ဖြစ်နေတယ်လေ။ သမ္မတကလည်း ဘာပဲပြောပြော ကြံ့ခိုင်ရေး လိုလားတဲ့သူပဲဖြစ်မှာ။ ပြောရရင် တော့ အုပ်ချုပ်ရေးကလည်း ကြံ့ခိုင်ရေး၊ လွှတ်တော်ထဲမှာလည်း ကြံ့ခိုင်ရေးကြီးပဲ။ လွှတ်တော်ထဲမှာလည်း ဘယ် လိုမှ အချေအတင် စကားများစရာလူက မရှိတော့ဘူး။ ပြောဆိုဆွေးနွေးမဲ့ လူတွေက မရှိတော့ဘူး။ ပြောရမယ် ဆိုရင်တော့ စုပေါင်းခေါင်းဆောင်ဆိုတာထက် သမ္မတတစ်ယောက်ကပဲ ဆင်ခြင်တုံတရားနဲ့ ဒါထိန်းထိန်းသိမ်း သိမ်း လုပ်ရမယ်လို့ အမြင်နဲ့လုပ်တာက ပိုပြီးကောင်းတယ်။ တိုးတက်စရာရှိရင်လည်း ပိုတိုးတက်တယ်ပေါ့ နော်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်း၍ စုပေါင်းခေါင်း ဆောင်မှုဖြင့် လက်ရှိ အကျပ်အတည်းများအား ဖြေရှင်းရန် နိုင်ငံရေးပါတီများက ထောက်ပြလျက်ရှိသည်။
သို့မဟုတ်ဘဲ တစ်ဦးတစ်ယောက်တည်း တစ်ပါတီတည်းက ဦးဆောင်၍ သွားမည်ဆိုပါက လက်ရှိ အကျပ်အတည်း များကို ကျော်လွှားနိုင်ရန် ခက်ခဲနိုင်ပြီး အပြန်အလှန် ထိန်းကျောင်းမှုမရှိဘဲ ဖြစ်သွားနိုင်ကြောင်း ၎င်းတို့က ထောက်ပြနေကြသည်။
