CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈

ကယားပြည်နယ်အခြေစိုက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဆိုသည့် ကရင်နီလက်နက်ကိုင် အဖွဲ့သည် (၁၅)ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပ၍ ဗဟိုကော်မတီအား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဗဟိုကော်မတီတွင် ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုဥက္ကဋ္ဌ ခူးထဲဘူး၊ အထွေထွေအတွင်း‌ရေးမှူး အောင်ဆန်းမြင့်၊ အတွင်းရေးမှူး-၁ ပလူးရယ်၊ အတွင်းရေးမှူး-၂ နဲနယ်ပလိုး တို့ကို ရွေးချယ်ခဲ့ကြသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆ ဦး၊ ပါတီဗဟိုကော်မတီဝင် ၇ ဦး၊ အရံဗဟိုကော်မတီဝင် ၁၂ ဦးတို့ကိုလည်း ရွေးချယ်ခဲ့ကြသည်။

KNPP သည် ကယားပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် အစိုးရအဖွဲ့ကို ဖြုတ်ချ၍ လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။