CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့(FPNCC)အဖွဲ့ဝင်များနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) မိုင်းလားမြို့မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးကြမည်ဟု သိရသည်။
ယနေ့ (ဒီဇင်ဘာ ၁၅ ရက်)တွင် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၏ ဌာနချုပ် မိုင်းလားမြို့မှာ NSPNC နှင့် FPNCC အဖွဲ့ဝင် ၇ ဖွဲ့အနက် ၆ ဖွဲ့ဖြင့် တွေ့ဆုံကြမည်ဟု သိရသည်။
နစက-က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးဖို့ရှိပါတယ်။ ထွက်လာတဲ့ ရလဒ်တွေကိုတော့ အချိန် တန်ရင် ထုတ် ပြန်ပေးပါမည်။ ၁၅ ရက်နေ့မှာ တွေ့ဆုံဖို့ရှိပါတယ်”ဟု ပြောသည်။
ယနေ့ တွေ့ဆုံမှုတွင် မြောက်ပိုင်းအဖွဲ့ဘက်ကမှ UWSA ၊ NDAA၊ SSPP၊ AA၊ MNDAA၊ TNLA တို့ တက်ရောက် ကြမည်ဖြစ်ပြီး KIA ကမူ ၎င်းတို့ဒေသအတွင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားနေခြင်းကြောင့် တက်ရောက်နိုင်ခြေနည်း သည်ဟု သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူတစ်ဦးကတော့ Bilateral စာချုပ်ကိစ္စများ ဆွေးနွေးကြမည်ဟု ကြားရ ကြောင်း CNI သို့ ပြောသည်။