CNI International News

ယူခရူလ် ၊ မတ်လ ၂၇

မဏိပူရပြည်နယ်ရဲတပ်ဖွဲ့သည် ယူခရူလ် (Ukhrul) ခရိုင်တွင်ရှိသည့် မိုဟန် ကူကီး (Molhang Kuki)  ကျေးရွာတွင် တပ်စွဲထားသော ကူကီးစစ်သွေးကြွများကို ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေကြောင်း တွေ့ရှိခဲ့သည်ဟု NSCN-IM က ပြောကြားခဲ့ကြောင်း Ukhrul Times မှ ဖော်ပြခဲ့သည်။

ထို့ကြောင့် မဏိပူရပြည်နယ်ရဲတပ်ဖွဲ့သည် ကူကီးစစ်သွေးကြွများကို ထောက်ပံ့ပေးနေသည်ဆိုသည့် NSCN-IM ၏ စွပ်စွဲချက်များကို ငြင်းဆန်နိုင်ရန် အကြောင်းပြချက် မရှိတော့ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

ကမ်ဂျုံ (Kamjong) ခရိုင်နှင့် အခြားနေရာများရှိ ကူကီးစစ်သွေးကြွများကို သယ်ယူပို့ဆောင်ပေးရာတွင် အာသံရိုင်ဖယ်တပ်ဖွဲ့ (AR) ၏ မော်တော်ယာဉ်များကို အသုံးပြုပြီး ကူကီးစစ်သွေးကြွများနှင့် ပူးပေါင်းလုပ်ဆောင် နေခြင်းကို မိမိတို့က လျစ်လျူရှုထားခြင်း မရှိကြောင်းလည်း NSCN-IM က ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) သည် ချာရာချန်ပူရ (Churachandpur) ခရိုင်ရှိ အမည်မသိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို သယ်ဆောင်လာပြီး ယူခရူလ် (Ukhrul) ခရိုင်ရှိ လီတန် (Litan) ကျေးရွာ သို့ ပို့ဆောင်ပေးနေကြောင်း တွေ့ရှိခဲ့သည်ဟု NSCN က ပြောသည်။\

 ကူကီးလက်နက်ကိုင်ကို တွေ့ရစဉ်

BSF သည် မိုဟန် ကူးကီးကျေးရွာတွင် ကူကီးစစ်သွေးကြွများ၏ စခန်းကို အချိန်ကြာမြင့်စွာ စောင့်ကြပ်ကာကွယ် ပေးနေကြောင်း၊ ထိုလုပ်ဆောင်မှုများအရ အိန္ဒိယနယ်စပ်ကို စောင့်ကြပ်ရန် တာဝန်ရှိသော BSF နှင့် ကူကီး စစ်သွေးကြွများကြား ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ပြသနေကြောင်း NSCN-IM က ပြောသည်။

ယုတ္တိရှိသည့် အကြောင်းအချက်များနှင့် သွေဖည်သည့် ထိုဆက်ဆံရေးသည် အိန္ဒိယ-နာဂ နိုင်ငံရေးပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာရန် ၁၉၉၇ ခုနှစ်ကတည်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခဲ့သော NSCN-IM ကို တိုက်ရိုက် စိန်ခေါ်ပြီး စော်ကားခြင်း ဖြစ်သည်ဟု ဆိုသည်။

မကြာသေးမီက မဏိပူရရှိ ကူကီးစစ်သွေးကြွများကို အိန္ဒိယ၏ အရံတပ်ဖွဲ့များက ထောက်ပို့နှင့် ပစ္စည်းများ ကူညီ ပေးနေခြင်းသည် အသစ်အဆန်းတစ်ခုတော့ မဟုတ်ကြောင်း၊ ကသည်းများ ကြီးစိုးသည့် မဏိပူရပြည်နယ် အစိုးရ သည် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ကို အသာစီးရရှိရန် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများ ကတည်းက ကူကီးစစ်သွေးကြွအုပ်စုများကို ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း NSCN-IM က ပြောကြားခဲ့ သည်။

NSCN-IM အနေဖြင့် အိန္ဒိယအရန်တပ်ဖွဲ့များကို နာဂ မဟုတ်သော အခြားဒေသများမှ တရားမဝင် ရွှေ့ပြောင်း များကို သယ်ယူပို့ဆောင်ရန် နာဂဒေသကို သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုအဖြစ် အသုံးချနေခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

Source: Ukhrul Times