CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၉

နာဂအမျိုးသားနိုင်ငံရေးအဖွဲ့များ (NNPGs) ၏ လုပ်ငန်းကော်မတီ (WC)သည် ကော်မတီအစည်းအဝေး ဆော်ဩသူ အန် ကစ်တိုဗီ ဇီမိုမီ (N Kitovi Zhimomi) ၏ ဦးဆောင်မှုနှင့်အတူ Agreed Position သဘောတူညီ ချက်နှင့် Framework Agreement သဘောတူညီချက်အကြား နှိုင်းယှဉ်ခဲ့သည့် NSCN-IM ၏ သတင်းနှင့်ပြန်ကြား ရေးဝန်ကြီးဌာန(MIP) မှတ်ချက်စကားကို တုန့်ပြန်သည့် ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု Mokokchung Times မှ ဖော်ပြခဲ့သည်။

NSCN-IM ၏ မှတ်ချက်စကားများကြောင့် သံသယများကို ရှင်းသွားစေရန် မဖြစ်မနေလိုအပ်ကြောင်း နာဂနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများတွင် မည်သို့ မှားယွင်းနေသည်ဆိုသည့် အချက်ကို လူထုက သိရှိနားလည်စေရန် လုပ်ဆောင် ဖို့လိုကြောင်း WC NNPGs က ပြောကြားခဲ့သည်။

မိမိတို့ အနေဖြင့် ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် Agreed Position နှင့် ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၃ ရက်က လက်မှတ်ရေးထိုးခဲ့သည့် Framework Agreement သဘောတူညီချက်များကို နှိုင်းယှဉ်လိုခြင်း မရှိကြောင်း၊ အိန္ဒိယ-နာဂ နိုင်ငံရေးပဋိပက္ခသည် ဆယ်စုနှစ် ၆ စုခန့် ကြာမြင့်သည့် ပြဿနာဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင် ခြင်းသည် ၁၉၅၅ ခုနှစ်မတိုင်မီ အသက်စွန့်ပေးခဲ့သည့် နာဂလူမျိုးထောင်ချီကို သစ္စဖောက်ခြင်းဖြစ်ကြောင်း WC NNPGs က ထုတ်ပြန်ခဲ့သည်။

NNPGs အဖွဲ့ဝင်များကိုတွေ့ရစဉ်

 Framework Agreement သဘောတူညီချက်တွင် ကြီးမားသည့် သမိုင်းဝင် အဖြစ်အပျက်များကို ချန်လှပ်ထား ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှ စတင် ရေတွက်လျှင် ၆၄ နှစ်ဖြစ်သည့် ၁၉၅၁ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည့် လူထုဆန္ဒခံယူပွဲကို မေ့လျော့ထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 Framework Agreement သဘောတူညီချက်တွင် ၁၉၄၇ ခုနှစ်၊ ဩဂုတ် ၁၄ ရက် သို့မဟုတ် ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၃ ရက်မှ စတင်ရေတွက်လျှင်(၆၇)နှစ်အလိုက နာဂလူမျိုးများ ငြိမ်းချမ်းရေး ကြေညာခဲ့သည့် ဖြစ်စဉ်ကို မေ့လျော့ ထားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ၂၀၁၅ ခုနှစ်မှ စတင်ရေတွက်လျှင် (၈၆)နှစ်အလို သို့မဟုတ် ၁၉၂၉ ခုနှစ်က နာဂလူမျိုးများက ဆိုင်မွန် ကော်မရှင် (Simon Commission) ကို နားလည်မှု စာချွန်လွှာ တင်သွင်းခဲ့သည့် အချက်ကိုလည်း အလုံးစုံ လျစ်လျှူရှုခဲ့ပြီး ယင်းသည် အလုံးစုံ သစ္စာဖောက်မှုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Framework Agreement သဘောတူညီချက်တွင် NSCN-IM က ၎င်းတို့သည် အိန္ဒိယစနစ်၏ ရှုပ်ထွေးပွေလီမှုများ ကို နားလည်ပြီး အသိအမှတ်ပြုကြောင်း ပြောကြားခဲ့မှုကိုလည်း NNPGs က ဝေဖန်ခဲ့သည်။

 NSCN-IM ခေါင်းဆောင် ဗွီဗားကိုတွေ့ရစဉ်

ထိုအဓိပ္ပာယ်အရ ယခင်က အိန္ဒိယအစိုးရထံမှ တောင်းဆိုထားသည့် နာဂလူမျိုးများ၏ တောင်းဆိုချက်များသည် မဖြစ်နိုင်သည့် အချက်ကို NSCN-IM က လက်ခံသည့်သဘော သက်ရောက်နေကြောင်းလည်း NNPGs က ပြောကြားခဲ့သည်။

ထို့ပြင် NNPGs က NSCN-IM ၏ နာဂသမိုင်းကြောင်းအား နားလည်မှုအပေါ် မေးခွန်းထုတ်ခဲ့ပြီး အထူးသဖြင့် မဏိပူရပြည်နယ် အပြင်ဘက်တွင် ရုန်းကန်နေရသည့် နာဂလူမျိုးများ၏ အခက်အခဲကို ကောင်းစွာနားလည်မှု ရှိ/မရှိကိုလည်း မေးခွန်းထုတ်ခဲ့သည်။

"နာဂတောင်တန်းဒေသရဲ့ အခြားနေရာတွေမှာ နေထိုင်နေတဲ့ နာဂတွေ၊ နာဂလန်းပြည်နယ်မှာ နေထိုင်နေတဲ့ နာဂလူမျိုးတွေရဲ့ အခက်အခဲတွေကို နားမလည်တဲ့ အခြား နာဂခေါင်းဆောင်တွေ၊ အထူးသဖြင့် မဏိပူရ ပြည်နယ်ထဲက နာဂခေါင်းဆောင်တွေကို အပြစ်မတင်ချင်ပါဘူး" ဟု NNPGs က ပြောကြားခဲ့သည်။

Source: Mokokchung Times