“ငါတို့ ဗမာပဒေသရာဇ်အောက်မှာ နေခဲ့ရတာတွေက အတော်ကို ဒုက္ခရောက်ခဲ့ကြရတယ်။ ကိုလိုနီခေတ်မှာ ရောက်တော့ တို့က သက်သာတယ်။ အသက်ရှုချောင်လာတယ်။ ပညာရေးတွေ အကုန်လုံးတတ်လာတယ်။ အဲလိုမျိုး ဖြစ်လာတာကို ဖြစ်လာတဲ့ အခါကြတော့ ဆိုကြပါဆို့။ အဲမှာ တို့ကရင်တွေဟာ တခြားလူမျိုးနဲ့ မပူးပေါင်းပဲနဲ့ သီးခြား ကရင်ပြည် ရနိုင်ရင် တော့ ကောင်းတယ်။ ဒါမှ တို့ကလည်း လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်မယ်။ နို့မဟုတ်ရင် ကိုယ်လုပ်လိုက် တခြားလူက ဖျက်လိုက်နဲ့ ဘယ်တော့မှ မတိုးတက်တော့ဘူး။ ဒီအမြင်ရှိခဲ့တယ်” ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သီးခြားပြည်နယ် ထူထောင်ခြင်းမျိုး၊ သီးခြားခွဲထွက်ခြင်းမျိုးများမှာ လက်နက်ကိုင် တော်လှန်ရေး စခဲ့စဉ်က ရည်ရွယ်ချက်များဖြစ်ပြီး လက်ရှိတွင် ဖက်ဒရယ်စနစ်ကိုသွားရန် ပြင်ဆင်နေကြကြောင်း ပြော သည်။
ပုံ-ကရင်ပြည်နယ်- လေးကေကော့မြို့သစ် အထိမ်းအမှတ်ကိုတွေ့ရစဉ်။
၎င်းက “ဒီဟာတော့ စကားဝိုင်းဆိုတဲ့ အခါကြတော့ တစ်ဦးချင်းရဲ့ စိတ်ထဲမှာ ရှိတဲ့ဟာပြောတာပါ။ သူတို့ ကရင်ပြည်နယ် သီးခြားခွဲထောင်ဖို့တို့၊ ကချင်ပြည်နယ် သီးခြားခွဲထွက်ဖို့တို့ ဆိုတဲ့ဥစ္စာတွေက ဟိုးတုန်းက စပြီးတော့ လက်နက်ကိုင် တော်လှန်ရေး စခဲ့စဉ်တုန်းက ရည်ရွယ်ချက်တွေပဲ။ အဲရည်ရွယ်ချက်တွေက နှစ်ပေါင်းများစွာ ကြိုးစားပြီးတဲ့အခါမှာ မဖြစ် နိုင်ဘူး နိုင်ငံတကာ အခြေအနေတွေ၊ ပြည်တွင်း အခြေအနေတွေအရ မဖြစ်နိုင်တော့ဘူးဆိုတာကို နှစ်ပေါင်းများစွာ လက် တွေ့ ဖြတ်သန်းပြီး သိလာပြီးတဲ့နောက် အဲလမ်းစဉ်ကို တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အသီးသီးက စွန့်ပစ်ခဲ့ကြပြီပေါ့ နော်။ စွန့်ပစ်ခဲ့ကြပြီဆိုတော့ ဖက်ဒရယ်စနစ်ကိုပဲ သွားဖို့ ပြည်သူလူထု၊ တိုင်းရင်းသား လူထုတွေထဲမှာရော ခိုင်မြဲတဲ့ အမြင် တစ်ခုပါ”ဟု CNI သို့ ပြောသည်။
UWSA ‘ဝ’ အနေဖြင့် ခွဲထွက်ရန် မပြောပဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ ထိုသို့ ကိုယ့်ကြံမ္မာ ကိုယ်ဖန်တီးခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိနေခြင်းအပေါ် အခြားတိုင်းရင်းသားများက အားကျစိတ်ရှိနိုင်ကြောင်း ဦးရဲထွန်းက ပြောသည်။
ကရင်တိုင်းရင်းသားများအနေဖြင့် ကရင်ပြည်နယ် ရရှိရေးအတွက် နိုင်ငံရေးအရ အဆင့်ဆင့် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြောင်း ပဒိုစောသမိန်ထွန်းက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။