ဟစ်ဇ်ဘိုလာ၏ ပြင်ပလုံခြုံရေးအဖွဲ့ကို ဩစတြေးလျနိုင်ငံ၏ ရာဇဝတ်ကျင့်ထုံးဥပဒေအရ အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၀၃ ခုနှစ်ကတည်းက စာရင်းသွင်းထားကြောင်း ပြည်ထဲရေးဝန်ကြီး ကာရင်အင်ဒရူး က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့အစည်းများ၌ ပါဝင်ခြင်း (သို့မဟုတ်) ပံ့ပိုးကူညီခြင်းတို့မှာ ရာဇဝတ်မှုမြောက်မည်ဖြစ်သည်။

“အဲဒီအဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့ ခြိမ်းခြောက်နေပြီး တခြားအကြမ်းဖက်အဖွဲ့တွေကိုလည်း ပံ့ပိုးနေပါတယ်” ဟု အင်ဒရူးက ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

Photo - AFP

အမေရိကန်နိုင်ငံတွင် အခြေစိုက်သည့် The Base အဖွဲ့သည် ပြီးခဲ့သည့်ဩဂုတ်လက ဗြိတိန်ရှိ ၎င်းတို့၏ ဆွန်နန်ခရိတ်ဂျ် အဖွဲ့ခွဲပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့သည်လည်း ဩစတြေးလျနိုင်ငံတွင် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်သည့် ဒုတိယမြောက် လက်ယာအစွန်းရောက်အဖွဲ့ဖြစ်လာခဲ့သည်။

ဩစတြေးလျ၏အကြမ်းဖက်အဖွဲ့စာရင်းတွင် ကျန်ရှိသည့် အဖွဲ့ ၂၅ ဖွဲ့မှာ မွတ်ဆလင်အဖွဲ့များ ဖြစ်ကြသည်။

“The Base ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စီစဉ်ဖို့နဲ့ ပြင်ဆင်ဖို့ အကြမ်းဖက်မှု၊ လူမျိုးရေးခွဲခြားမှုတွေ လုပ်ဆောင်နေတဲ့ နာဇီလက်သစ်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး အင်ဒရူးက ဆက်လက် ပြောကြားခဲ့သည်။

“သူတို့အဖွဲ့ကို ကနေဒါနဲ့ ဗြိတိန်အစိုးရတွေကလည်း အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားပါတယ်။ သူတို့က နိုင်ငံတချို့မှာ အရန်လေ့ကျင့်ရေးစခန်းတွေ စီစဉ်ပေးထားတယ်လို့  သိထားပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အင်ဒရူးသည် အဆိုပြုထားသော ယင်းနှစ်ဖွဲ့ကို အကြမ်းဖက်စာရင်းသွင်းနိုင်ရေး ဆွေးနွေးတိုင်ပင်ရန် ဩစတြေးလျပြည်နယ်နှင့် ဒေသန္တရအစိုးရများထံသို့ အမိန့်ပေးခဲ့ပြီး အဆိုပါစာရင်းများကို တတ်နိုင်သမျှ အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Source: AP