CNI International News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅ 

ဘင်္ဂလားဒေ့ရှ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မူဟာမက် ယူနွတ် (Muhammad Yunus) သည် လူ ၁၇ ဦး ပါဝင်သည့် ကြားဖြတ်အစိုးရတစ်ရပ်ကို ဦးဆောင်သူ ဖြစ်လာခဲ့သည်။

ထိုကြားဖြတ်အစိုးရအဖွဲ့အတွင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ကို ရာထူးမှ နုတ်ထွက်စေခဲ့ သည့် ဆန္ဒပြမှုကို ဦးဆောင်သော ကျောင်းသားခေါင်းဆောင် နှစ်ဦး၊ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ စာရေးဆရာနှစ်ဦး၊ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစ်ဦး၊ စစ်ဗိုလ်ချုပ် တစ်ဦးနှင့် ယခင်အစိုးရအဖွဲ့ထဲမှ တာဝန်ထမ်းဆောင်နေသူအချို့ ပါဝင်ခဲ့သည်။

ယူနွတ်ကို စစ်တကောင်းမြို့(Chittagong) အနီးရှိ ကျေးရွာတစ်ရွာတွင် ၁၉၄၀ ခုနှစ်က မွေးဖွားလာခဲ့ခြင်းဖြစ်ကာ မွေးချင်း ၉ ဦးတွင် တတိယမြောက် ဖြစ်သည်။

သူသည် ၁၉၆၁ ခုနှစ်တွင် ဒါကာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

ထို့နောက်  စီးပွားရေးပညာရပ်တွင် ၎င်း၏ Ph.D ဘွဲ့အတွက် Fullbright ပညာသင်ဆုဖြင့် ၁၉၆၅ ခုနှစ်၌ အမေရိကန်နိုင်ငံ၊ ဗန်ဒါဘေ့ဒ် (Vanderbilt) တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ကာ ၁၉၆၉ ခုနှစ်မှာ ပြီးဆုံးခဲ့သည်။

ရှိတ်ဟာစီနာကို တွေ့ရစဉ်

သူသည် အမေရိကန် တန်နက်က်ဆီ (Tennessee) ပြည်နယ်၊ မစ်ဒယ်တန်နက်ဆီပြည်နယ် တက္ကသိုလ် (Middle Tennessee State University) တွင် လက်ထောက်ပါမောက္ခတစ်ဦး ဖြစ်လာခဲ့သည်။

၁၉၇၁ ခုနှစ်က ပါကစ္စတန်စစ်တပ်ကို ဆန့်ကျင်သည့် ခွဲထွက်ရေးစစ်ပွဲအတွင်း ယူနွတ်သည် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည်။

သူသည် အမေရိကန်နိုင်ငံ၊ နက်ရှ်ဗေးလ် (Nashville) မြို့တွင် အရပ်ဖက်ကော်မတီတစ်ရပ် တည်ထောင်ကာ ပါကစ္စတန်အား စစ်ဘက်ဆိုင်ရာ အကူအညီပေးမှုကို ရပ်တန့်ရန်အတွက် ဘင်္ဂလားဒေ့ရှ် သတင်းအချက်အလက် စင်တာတစ်ခု ထားရှိရန် ကူညီခဲ့သည်။

ထိုစင်တာသည် အမေရိကန်လွှတ်တော်ကို စည်းရုံးရေးဆင်းရန်အတွက် ထားခြင်းဖြစ်သည်။

ယူနွတ်သည် ဆင်းရဲချို့တဲ့သော ကျေးရွာများတွင် အသေးစား ငွေချေးမှုတစ်ရပ်ကို စီစဉ်ပေးခြင်းဖြင့် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ရပ်ကို ဖန်တီးပေးနိုင်ခဲ့သည်။

Ref: Wikipedia