CNI International News

ဟောင်ကောင်၊ ဇူလိုင် ၉

ကာကွယ်ရေးဝန်ကြီးဟောင်းများဖြစ်သည့် လီရှန်ဖူ (Li Shangfu) နှင့် ဝေ့ဖန်ဂီ (Wei Fenghe) တို့အပေါ် စွဲဆို သည့် အဂတိလိုက်စားမှု စွပ်စွဲချက်များသည် တရုတ်၏နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍတည်ဆောက်မှုကို ထိခိုက်စေခဲ့ သည်ဟု ဟောင်ကောင်ပို့စ်မှ ဖော်ပြခဲ့သည်။

မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီသည် ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို အဂတိလိုက်စားမှု စွဲချက်များ ဖြင့် ပါတီမှ ထုတ်ပယ်ခဲ့သည့် ဖြစ်စဉ်သည် တရုတ်၏ စစ်ရေးအတွင်းစည်းတွင် ခြံစားမှုများလှိုက်စားနေသော အခြေအနေကို မီးမောင်းထိုး ပြသရာရောက်ခဲ့သည်။

ထိုဖြစ်စဉ်သည် တရုတ်စစ်တပ်၏ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေမှု အခြေအနေနှင့် သမ္မတရှီကျင့်ဖျင် (Xi Jinping) ၏ ဆယ်စုနှစ်ကြာ ကြာမြင့်လာခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုများကို ယုတ်လျော့စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

တစ်ချိန်က ကမ္ဘာ့စင်မြင့်ထက်တွင် သြဇာကြီးမားခဲ့သည့် လီနှင့်ဝေ့တို့သည် လက်ရှိမှာတော့ တရုတ်နိုင်ငံရေး စက်ဝိုင်းအတွင်း အဂတိလိုက်စားမှုဆိုသော စကားလုံးကို သွယ်ဝိုက်ဖော်ပြသည့် "ကြီးလေးသည့် စည်းကမ်းချိုး ဖောက်မှု" တို့ဖြင့် စစ်တပ်ရှေ့နေများ၏ စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

အဂတိလိုက်စားမှုက တရုတ်၏ စစ်ရေးရည်မှန်းချက်များကို ယုတ်လျော့စေ

၎င်းတို့ ၂ ဦး၏ ကျဆုံးခန်းသည် ပုဂ္ဂိုလ်ရေးအရ ဝမ်းနည်းစရာ တစ်ခုသာမကဘဲ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ကို ထိခိုက်စေခဲ့သည့် ဖြစ်စဉ်လည်းဖြစ်သည်။

ထိုကဲ့သို့ အဆင့်မြင့်အရာရှိများကို စွဲဆိုသည့် စွဲချက်များသည် အထူးသဖြင့် တရုတ်၏ ရည်မှန်းချက်ကြီးမားသော စစ်ဘက်ဆိုင်ရာ အဆင့်မြှင့်တင်မွမ်းမံရေး အားထိုးကြိုးပမ်းမှုတွင် အဓိကနေရာက ပါဝင်နေသည့် ရာထူးနေရာ များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်။

ယခင်က PLA ၏ လက်နက်ထုတ်လုပ်ရေးဌာနကို ဦးဆောင်ခဲ့ရသည့် လီသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ၇ လ သာ တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကာ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

တရုတ်၏ ဒုံးကျည်တပ်ဖွဲ့ (Rocket Force) ကို ပထမဆုံး ဦးဆောင်ခဲ့ရသည့် လီ မတိုင်မီ ကာကွယ်ရေးဝန်ကြီး ဟောင်း ဝေ့သည်လည်း စည်းကမ်းချိုးဖောက်မှုများဖြင့် စွပ်စွဲခံခဲ့ရသည်။

ထို့ကြောင့် သမ္မတရှီ လက်ထက်တွင် အဂတိလိုက်စားမှုများကို တိုက်ဖျက်နေသည့်တိုင် ထိုကဲ့သို့ ထိပ်သီး ကာကွယ်ရေးအရာရှိများ၏ အဂတိလိုက်စားမှု စွဲချက်များသည် တရုတ်၏ ရည်မှန်းချက်ကြီးမားသည့် စစ်ရေး တည်ဆောက်မှုများအား လျော့ပါးစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ဟောင်ကောင်ပို့စ်