CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အကျဉ်းထောင်ကနေ ယနေ့ (အောက်တို ဘာ ၁၉ ရက်) နေ့လယ်ပိုင်းက ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသူ ၂၄ ဉီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဉက္ကဋ္ဌက အောက်တိုဘာ ၁၈ ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်ခြင်း လွတ်လာကြောင်း သိရသည်။
အဆိုပါ ပြန်လွတ်လာသူ ၂၄ ဦးတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂၀ ဦး ပါဝင်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်၊အချုပ်ထောင် စခန်းအသီးသီးတွင် အကျဉ်းကျ ခံနေကြရသူ အကျဉ်းသား/သူပေါင်း ၁၃၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သလို တရားစွဲဆို အမှုရင်ဆိုင် နေကြရသူ ၄၀၀၀ ကျော်ကိုလည်း အမှုရုပ်သိမ်းပေးလိုက်ကြောင်း နစက-က အောက်တို ဘာ ၁၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။