CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဖမ်းဆီးခံ ထားရသည့်မြို့နယ် ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင်ကို ယနေ့(အောက်တိုဘာ ၁၉)ရက်တွင် ပြန်လွတ်မည်ဟု သိရသည်။
TNDP မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က “ဖုန်းမျှော်နေတာ အခု။ ဒီနေ့မနက်တော့ သေချာပေါက်လွတ်မှာပါ။ သူတို့ မနေ့က သေချာပေါက်လွတ်မယ်လို့ ထောင်က ဖုန်းဆက်တာကို။ ဒီနေ့လွတ်မှာ မနေ့က ထောင်က ဖုန်းဆက်တယ်။ သူတို့ ၄ ယောက် လွတ်မယ်ဆိုပြီးမှ ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကျားနီပါတီမြို့နယ် ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင်သည် လူမှုကွန်ရက် ဆိုရှယ်မီဒီယာများတွင် ရေးသားဖြန့်ဝေမှုများနှင့် ဆက်စပ်ပြီး လုံခြုံရေးတပ်ဖွဲ့များက ပုဒ်မ ၅၀၅(က)ဖြင့် ဇူလိုင်လ ၁၅ ရက် ညနေ ၈ နာရီ ခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်၊အချုပ်ထောင် စခန်းအသီးသီးတွင် အကျဉ်းကျ ခံနေကြရသူ အကျဉ်းသား/သူပေါင်း ၁၃၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သလို တရားစွဲဆို အမှုရင်ဆိုင် နေကြရသူ ၄၀၀၀ ကျော်ကိုလည်း အမှုရုပ်သိမ်းပေးလိုက်ကြောင်း နစက-က အောက်တိုဘာ ၁၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
#စစ်ကိုင်းတိုင်းဒေသကြီး #ခန္တီးမြို့နယ် #ကျားနီပါတီ #တိုင်းလိုင် #အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ #အကျဉ်းထောင် #အချုပ်ထောင် #နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ #cninews #CNIMyanmar #ChannelNewsIndependent