CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၂

DENKO နှင့် MAB ဘဏ်ဥက္ကဋ္ဌ ဦးချစ်ခိုင်သည် မန္တလေး အိုးဘိုထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ (ဧပြီ ၁၂ ရက်) နံနက်ပိုင်းက ပြန်လွတ်လာပြီးဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနေ့ ဦးချစ်ခိုင်ကို မန္တလေး အိုးဘိုထောင်ကနေ လွတ်ငြိမ်းနဲ့လွှတ်ပေးလိုက်တယ်။ အခု အပြင်ရောက် နေပြီး”ဟု ပြောသည်။

အလားတူ ဇေကမ္ဘာဦးခင်ရွှေ၏ သားဖြစ်သူ ကိုဇေသီဟလည်း ရန်ကုန် အင်းစိန်ထောင်ကနေ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။

ကိုဇေသီဟကို တွေ့ရစဉ်

ထို့ပြင် စားအုန်းဆီကို မတရားဈေးတင်၍ ရောင်းချခြင်းနှင့် မသမာမှုများ ပြုလုပ်၍ ဖမ်းဆီးခံထားရသော စားအုန်ဆီ ကုန်သည်များလည်း ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဦးချစ်ခိုင်သည် ၂၀၂၂ ခုနှစ်၊ ဧပြီလက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၂ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။

ကိုဇေသီဟသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၂ ရက်မှ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။