CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၂

အီရန်နှင့် ရုရှားသည် စစ်ရေး-နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို ကာလကြာရှည်စွာ ထိန်းသိမ်းခဲ့သည်ဟု အီရန် သမ္မတ အီဘရာဟင်မ် ရာအီစီ (Ebrahim Raisi) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။ 

ရာအီစီသည် အီရန်သို့ ရောက်ရှိနေသည့်် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရှိုင်ဂူ (Sergey Shoigu) ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးသည့် အနေဖြင့် အမေရိကန်နိုင်ငံ နယူးယောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်သမ္မတ အီဘရာဟင်မ် ရာအီစီနဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

"အီရန်နဲ့ ရုရှားဟာ စစ်ရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ကာလကြာရှည် ထိန်းသိမ်းထားခဲ့ ပါတယ်။ ကျနော်တို့ဟာ အဲဒီမူဘောင်အတွင်းမှာပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟု ရာအီစီက ပြောသည်။

ရှိုင်ဂူ၏ အီရန်ခရီးစဉ်နှင့် ပတ်သက်ပြီး မိမိတို့အနေနှင့် ရုရှားနှင့် အီရန် စစ်တပ်များထံမှ တရားဝင် မှတ်ချက်စကား များ ထုတ်ပြန်မှုကို စောင့်ဆိုင်းသင့်သည်ဟုလည်း အီရန်သမ္မတက ပြောသည်။

အီရန်နှင့် ရုရှားအကြား ထိပ်သီးညီလာခံများ အပါအဝင် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်နေပြီး မိမိတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက် လုပ်ဆောင်မည်ဟုလည်း ရာအီစီက ပြောကြားခဲ့သည်။

Source: တာ့စ်