CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ စစ်ရေးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောပိလတ်စိန် ယနေ့ နံနက်ပိုင်းက ကိုဗစ်ရောဂါဖြင့် ကွယ်လွန်(ခရစ်တော်၌ အနားယူသွားသည်) သွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခေါင်းဆောင် တစ်ဦးက CNI သတင်းဌာနသို့ အတည်ပြုပြောသည်။

ဗိုလ်ချုပ် ဗိုလ်ချုပ်စောပိလတ်စိန်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက် ဆေးရုံ ကြီးတွင် တက်ရောက်ကုသနေစဉ် ယနေ့ (စက်တင်ဘာ ၈ ရက်)နေ့ နံနက် ၅ နာရီ ၅ မိနစ်၌ ကွယ်လွန်သွား ခဲ့ခြင်း ဖြစ်သည်။

KNU ခေါင်းဆောင်တစ်ဦးက “ဟုတ်တယ် ဟုတ်ပါတယ်ဗျ။ ကျနော်တို့ ကိုဗစ်နဲ့လည်း ဆက်စပ်တဲ့သဘောပေါ့၊ ကိုဗစ်နဲ့ဆက်စပ်တော့ သူတို့ရောဂါအခံကလည်း ဆီးချို၊ သွေးချိုကလည်း ရှိတဲ့အခါကျတော့ အသက်အရွယ်ရဲ့ အပေါ်မှာလည်း မူတည်ပြီးတဲ့အခါကျတော့ အခုလိုဖြစ်သွားတာလို့ပြောရမှာပေါ့နော်။ ဟုတ်တယ် မဲဆောက် ဆေးရုံမှာပဲ ကွယ်လွန်သွားတာ”ဟု ပြောသည်။

ဗိုလ်ချုပ်စောပိလတ်စိန်သည် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာဘလာဘော ၏ သားဖြစ်ပြီး KNU ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ အစ်ကိုလည်း ဖြစ်သည်။

ဗိုလ်ချုပ်စောပိလတ်စိန်သည် KNU စစ်ရေးလက်အောက်ခံ KNLA ၏ ဗဟိုစစ်ရေးချုပ် တာဝန်ကို ယူထားသူ ဖြစ်သည်။