CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၇

ဗြိတိန်ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီ က လိုအပ်တာထက် ပိုမိုကြွယ်ဝချမ်းသာနေတာကြောင့် ကစားသမား ဘဝကနေ အနားယူသွားဖွယ်ရှိတဲ့ အစီအစဉ်ကို ဖွင့်ဟသွားခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိ ဗြိတိန်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီ ဟာ ဧပြီလမှာ ဒီလီယန်ဝှိုက်နဲ့ WBC ချန်ပီယံဆုကို ကာကွယ်ဖို့ ထိုးသတ်ရမှာဖြစ်ပြီး ၎င်းဟာ အဲဒီပွဲပြီးရင် ကစားသမားဘဝက အနားယူဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တာလည်းဖြစ်ပါတယ်။တိုင်ဆန်ဗျူရီ ဟာ ကစားသမားဘဝ ပွဲပေါင်း(၃၂) ပွဲ ထိုးသတ် ထားပြီး ဒီယွန်တေ ဝေလ်ဒါနဲ့ သရေကျတဲ့ပွဲကလွဲပြီး ကျန်တဲ့(၃၁)ပွဲလုံး အနိုင်ရထားကာ ရှုံးပွဲမရှိသေးတာလည်း ဖြစ်ပါတယ်။

တိုင်ဆန်ဗျုရီ က “တခုတည်းသော ကျနော်ရခဲ့တဲ့ အမြတ်က ငွေကြေးပါပဲ။ ဒီပွဲပြီးရင်လည်း ပေါင်သန်း(၁၀၀) ကျော်လောက်ရပါလိမ့်မယ်။အဲဒါကို သုံးစွဲနိုင်တယ်ဆိုရင် ကျနော်နဲ့ မထိုက်တန်တော့ဘူး မဟုတ်လား? မိုက်တိုင် ဆန်က ဘီလီယံဝက်လောက်နဲ့ ဟိုလ်ဖီးလ် က ပေါင်သန်း(၄၀၀)လောက် သုံးစွဲခဲ့တာကို ကျနော်သိပါတယ်။ ဒါပေမမယ့် ကျနော်က သူတို့ရဲ့ ကြီးမားဖျတ်လတ်တဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း ကျင့်သုံးသွားမှာ မဟုတ်ပါဘူး။ ကျနော်ဟာ မိုရီကမ်ဘီမှာ နေထိုင်ပါတယ်။အဲဒီမှာက စျေးသက်သာပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် တိုင်ဆန်ဗျူရီ က “ကျနော့်မှာ ငွေကြေးအများအပြားအသုံးပြုပြီး လောင်းကစားပြုလုပ်လိုတဲ့ အလေ့ အကျင့် ကြီးကြီးမားမားလည်း မရှိပါဘူး။ ကျနော် ဘာမှမလုပ်ဘူး။ ကျနော်ရထားတဲ့ပိုက်ဆံနဲ့ ဘယ်တော့မှ ကုန်အောင်သုံးနိုင်မှာမဟုတ်ပါဘူး။

ကမ္ဘာ့ဟဲဗီးဝိတ်တန်းမှာ ရှုံးပွဲမရှိချန်ပီယံဖြစ်ပြီး ထိပ်ဆုံးမှာ ရပ်တည်ကာ အနားယူချင်ပါတယ်။ အများစုကတော့ ကျနော်ဟာ ပျော်ရွှင်ချင်ပါတယ်။ဒါက အခက်အခဲဆုံး ဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

တိုင်ဆန်ဗျူရီ ဟာ (၂၀၁၅) က ဝလာဒီမာကလစ်ရှ်ကို ကို အနိုင်ရပြီးနောက် တားမြစ်ဆေးသုံးစွဲခဲ့လို့ ဆေးကျခဲ့ သလို စိတ်ကျရောဂေါတွေကြောင့် နားခဲ့ရပြီး (၂၀၁၈)မှသာ ပြိုင်ပွဲတွေမှာ ပြန်လည်ထိုးသတ်ခွင့်ရခဲ့တာပါ။ တိုင်ဆန်ဗျူရီ ဟာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုတွေ လက်လွှတ်ခဲ့ရပေမယ့် ပြန်လည်ကြိုးစားနိုင်ခဲ့တာကြောင့် အခုဆို WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ရရှိထားတာလည်းဖြစ်ပါတယ်။

Source:DailyMail