CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

နိုင်ဂျီးရီးယား အပြေးမယ် အိုကာဘာရီဟာ တားမြစ်ဆေးသုံးစွဲမှု ဆန့်ကျင်တဲ့ စည်းမျဉ်း အများအပြားကို ချိုးဖောက်ခဲ့တဲ့ အတွက် ပြိုင်ပွဲကစားခွင့် (၁၀)နှစ် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။

AIU က အသက်(၃၃)နှစ်အရွယ်ရှိတဲ့ သူမကို တားမြစ်ထားတဲ့ အရာတွေကို သုံးစွဲခဲ့တဲ့အတွက် ၅ နှစ် ပိတ်ပင်ခဲ့သလို စုံစမ်း စစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက် ၅ နှစ် စုစုပေါင်း ၁၀ နှစ် ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါ တယ်။

အိုကာဘာရီဟာ တိုကျိုအိုလံပစ် ပြိုင်ပွဲအတွင်း တားမြစ်ဆေး စမ်းသပ်ရာမှာ မအောင်မြင်ခဲ့တဲ့အတွက် ဆိုင်းငံ့ခံထားရတာပါ။ AIU ရဲ့ အကြီးအကဲ ဘရတ်က ၁၀ နှစ်ကြာ ပိတ်ပင်မှုဟာ လိမ်လည်ဖို့ ကြိုးစားတဲ့သူကို ဆန့်ကျင်တဲ့ ပြင်းထန်သော သတင်း စကားဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။


အိုကာဘာရီဟာ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲရဲ့ အလျားခုန်ပြိုင်ပွဲမှာ ငွေတံဆိပ်တစ်ခုနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ မီတာ(၂၀၀)နဲ့ အလျားခုန် ပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေ ရယူထားသူလည်း ဖြစ်ပါတယ်။

အိုကာဘာရီကိုတွေ့ရစဉ်(The Guardian)

သူမဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ ဇူလိုင် ၁၉ ရက်က ယှဉ်ပြိုင်မှုအပြီး တားမြစ်ဆေး စစ်ဆေးရာမှာ လူသားကြီးထွားမှု ဟော်မုန်းသုံးစွဲခဲ့တယ်ဆိုပြီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျင်းပနေတဲ့ ပြိုင်ပွဲရဲ့ အကြိုဗိုလ်လု ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလက အိုကာဘာရီဟာ တားမြစ်ဆေး (၃)မှုနဲ့ စွဲချက်တင်ခံခဲ့ရပြီး ဒါကို သူမက ငြင်းဆန်ခဲ့တာ ဖြစ်ပါ တယ်။ အိုကာဘာရီဟာ AIU စည်းကမ်း ထိန်းသိမ်းရေး ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အားကစားဆိုင်ရာ ခုံသမာဓိရုံးဖြစ်တဲ့ CAS မှာ အယူခံဝင်နိုင်ဖို့ ရက်ပေါင်း ၃၀ ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။