CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ရိုးမား အသင်းနည်းပြ မော်ရင်ဟိုကတော့ ဗီရိုနာနဲ့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်ရဲ့ ပွဲပြီး နာကျင်အချိန်ပိုမှာ သူ့နားရောက်လာတဲ့ ဘောလုံးကိုယူပြီး အဝေးဆုံးကို ကန်ထုတ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီပွဲမှာ ရိုးမားအသင်းဟာ ဗီရိုနာအသင်းကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကနေ အနောက်လိုက်ပြီး ချေပဂိုးသွင်းယူခဲ့တာကြောင့် တဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ မော်ရင်ဟိုဟာ အနီကတ် ပြသခံရအပြီးမှာ ကွင်းလယ်ဒိုင်ကို စောဒကတက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

မော်ရင်ဟိုဟာ အနီကတ်နဲ့ ထုတ်ခံရပေမယ့် ပြိုင်ဘက်နည်းပြဖြစ်သူကို ပွေ့ဖက်နှုတ်ဆက်ပြီး ပရိသတ်ကို လက်ပြကာ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုအတွက်တော့ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ဒုတိယ အကြိမ် မြောက် ပြသခံရတဲ့ အနီကတ်လည်း ဖြစ်ခဲ့တာပါ။

မော်ရင်ဟိုက ဒီပွဲအပြီးမှာ "ပုံ(၁) ဘောလုံးကို ပိုင်‌ဆိုင်နေပုံ၊ ပုံ(၂) ဘောလုံးကို တိုက်ရိုက် ကန်တင်နေပုံ၊ ပုံ(၃) ဒီလူတွေကို ကျနော်ချစ်တယ် သူတို့အတွက် တိုက်ပွဲဝင်တယ်။ ပုံ(၄) ဘာမှမပြောဘဲ အိမ်ပြန်ပြီး ညစာကောင်းကောင်း စားတာ ပိုကောင်း ပါတယ်"လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ဒီပွဲ သရေကျခဲ့တာကြောင့် အဆင့်(၄)နေရာက ဂျူဗင်တပ်စ်အသင်းနဲ့ (၆)မှတ်အကွာ အဆင့်(၇)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Goal