CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁

ခရိုမိုနိစ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ စတုတ္ထဒိုင်လူကြီးက သူ့ကို အနီကတ် ထိအောင် လုပ်ခဲ့တယ်လို့ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ပြစ်တင်လိုက်ပါတယ်။

မော်ရင်ဟိုက “ကျနော့်ရဲ့ နည်းပြဘဝမှာ ပထမဆုံးအကြိမ် ဒိုင်လူကြီးက တရားမျှတမှုမရှိတဲ့ နည်းလမ်းနဲ့ ပြော တာခံ လိုက်ရပါတယ်။ ကျနော်က ရူးနေတဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ ကျနော့်ရဲ့ တုန့်ပြန်မှုက တစ်ခုခု ဖြစ်သွား ခဲ့တာကြောင့်ပါ။ ဥပဒေရှုထောင့်ကနေ တစ်ခုခုလုပ်လို့ ရမလားဆိုတာ အခုသိဖို့ လိုအပ်ပါတယ်။ စတုတ္တဒိုင် လူကြီးက တွန်းအားပေးခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးက ကျနော့်ကို အနီကတ် ပြသခဲ့တာပါ။ ဒါပေမယ့် စတုတ္တ ဒိုင်လူကြီးက သူပြောခဲ့တာတွေကို ရိုးရိုးသားသားနဲ့ ပြောပြဖို့ မရှိပါဘူး။ သူက ကျနော့်ကို ဘယ်လိုဆက်ဆံခဲ့ပြီး ကျနော့်ရဲ့ တုန့်ပြန်မှုကို ဒီလိုဖြစ်အောင်လုပ်ခဲ့တာ”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ခရိုမိုနိစ် အသင်းဟာ ဒီနိုင်ပွဲကြောင့် အခုနှစ်ရာသီ ပထမဆုံး စီးရီးအေနိုင်ပွဲကို ရယူနိုင်ခဲ့ပြီး ရိုးမားအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် နေရာဖြစ်တဲ့ အဆင့် ၄ နေရာကို မတက်လှမ်းနိုင်ဘဲ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ တာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ဒိုင်လူကြီးတွေနဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်း အစမှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

ရိုးမား အသင်းကစားသမားနဲ့ ဒိုင်လူကြီး အငြင်းပွားနေကြစဉ်

ဒီအနီကတ်ဟာ အခုနှစ်ရာသီ မော်ရင်ဟို တတိယအကြိမ်မြောက် ပြသခံခဲ့ရတဲ့ အနီကတ်လည်း ဖြစ်ခဲ့ပြီး ဒီပွဲမှာ သူတို့ရှုံးဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုက “ကျနော်တို့ ရှုံးနိမ့်ဖို့ မထိုက်တန်ပါဘူး။ ပင်ပန်းခြင်းရဲ့ အကြောင်းပြချက်ဆိုတာ မရှိပါဘူး။ ဒါက ကျနော်တို့ရဲ့ တာဝန်ဖြစ်ပြီး၊ ပြင်းထန်မှု မရှိတာနဲ့ ပွဲကို ချက်ချင်း ပြီးဆုံးနိုင်အောင်လုပ်ဖို့ ဆန္ဒမရှိတာပါ။ ကျနော် တို့ဟာ ဒီပွဲမှာ အနိုင်ရဖို့လည်း မထိုက်တန်ခဲ့သလို၊ ရှုံးဖို့လည်း မထိုက်တန်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်သွင်း ယူပြီးနောက် ကျနော်တို့ နိုင်ပွဲရနိုင်တယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် ပင်နယ်တီ ပေးရမယ့် အပိုင်း ကို ရောက်ရှိလာခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။


မော်ရင်ဟိုဟာ ဒီပွဲမှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် ဂျူဗင်တပ်စ်နဲ့ ကစားမယ့် စီးရီးအေပွဲမှာ ကိုင်တွယ်ခွင့် မရတော့ပါဘူး။

ဂျူဗင်တပ်စ် အသင်းဟာ ရမှတ် ၁၅ မှတ် လျှော့ခံထားရပေမယ့် အခုနောက်ပိုင်း ပွဲတွေမှာ ရလဒ်ကောင်းတွေ ပြန်လည် ရရှိလာခဲ့ပြီး အဆင့် ၇ နေရာအထိ တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: CNA