CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

မန်စီးတီး အသင်းက ဟာရီကိန်းကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ သီးခြားကမ်းလှမ်းမှု (၄)ကြိမ်လုံးကို စပါးအသင်းဘက်ကနေ ပယ်ချခဲ့တယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းကလည်း ဆုဖလားကိုင်မြှောက်ချင်တဲ့ ဆန္ဒကြောင့် ပရီးမီးယားလိဂ် ချန်ပီယံအသင်းကို လာရောက်ချင်ခဲ့ပေမယ့် စပါးအသင်းက ထွက်ခွာခွင့် မပြုခဲ့ပါဘူး။ အဲ့ဒါကြောင့် ဟာရီကိန်းဟာ စပါးအသင်းမှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အဓိက တိုက်စစ်မှူး အဂွေရိုကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့တာကြောင့် ဟာရီကိန်း ကို အရခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မရတာကြောင့် ရှိတဲ့တိုက်စစ် ကစားသမားတွေနဲ့ပဲ ဆက်သွားခဲ့ရတာပါ။

ဂွာဒီယိုလာက “အခု ခင်ဗျားတို့ကို ပြောနိုင်တာက ဟာရီကိန်းမလာဘဲ အရာအားလုံး အဆင်ပြေနေတယ်လို့ ပြောနိုင်ပေမယ့် အဲ့ဒီ အချိန်တုန်းက ကျနော် မသိပါဘူး။ ကျနော်တို့ ကြိုးစားခဲ့ပေမယ့် စပါးအသင်းက ဒီလိုဖြစ်မလာနိုင်ဘူးလို့ ရှင်းရှင်း လင်း လင်း လုပ်ခဲ့ပါတယ်။ ကျနော်တို့ (၂)ကြိမ်၊(၃)ကြိမ်နဲ့ (၄)ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ဒါဟာ ပြီးသွားခဲ့ပါတယ်။ အပြောင်းအရွှေ့ စျေးကွက်မှာ ကလပ်အသင်း မလုပ်နိုင်ခဲ့တာကို ကျနော် ဘယ်တုန်းကမှ စိတ်မပျက်ဖူးပါဘူး”လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းကိုတွေ့ရစဉ်(Sky Sports)

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ရေးဗားပလိတ် အသင်းတိုက်စစ်မှူး ဂျူလီယန်အဲလ်ဗား ရတ်စ်ကို ခေါ်ယူခဲ့ပြီး လက်ရှိအချိန်မှာ အငှား ပြန်ချထားတာပါ။

ဂွာဒီယိုလာက “ဂျူလီယန်ဟာ ပြီးခဲ့တဲ့ ရေးဗားပလိတ်နဲ့ ပွဲမှာ(၃)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ အလွန်ကောင်းမွန်တဲ့ ကစား သမား ဖြစ်တာကြောင့် မန်စီးတီး အသင်းဟာ သူ့ကို ခေါ်ယူနိုင်တာ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်ပါတယ်။ သူ့ရဲ့ သွင်းဂိုးတွေဟာ ဗာဒီနဲ့တူပါတယ်။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့ပါ တယ်။

မန်စီးတီး အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့နဲ့ ချန်ပီယံလိဂ်ကို ပထမဆုံး အကြိမ် ရယူနိုင်ဖို့ အဓိကထား ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Source: Goal