CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ပြင်သစ်သမ္မတ မက်ခရွန်က ဘတ်ပီ အနေနဲ့ ပီအက်စ်ဂျီမှာ စာချုပ်သက်တမ်းတိုးပြီး ရီးရယ်လ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ ဖိအားပေးနေသလို ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိနေဖို့လည်း တိုက်တွန်းနေတယ်လို့ မေရာသတင်းက ရေးသားထားပါတယ်။

ဘတ်ပီနဲ့ ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
ဘတ်ပီကို ခေါ်ယူဖို့ ရီးရယ်လ်အသင်းက စိတ်ဝင်စားနေသလို ကစားသမားကလည်း စပိန်ကလပ်ကို ပြောင်းရွှေ့ချင်နေ ကြောင်း အရိပ်အမြွက် ပြောထားတာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းအတွက် ရီးရယ်လ် အသင်းဘက် ကို နောက်ဆုံးမိနစ်မှာ အနိုင်ဂိုး သွင်းယူပေးထားတာ ဖြစ်ပါတယ်။ ပြင်သစ်ကလပ်ဟာ ဘတ်ပီကို ဆက်ထိန်းသိမ်းဖို့ နည်း လမ်း ပေါင်းစုံနဲ့ ကြိုးစားနေတာပါ။

ပီအက်စ်ဂျီ အသင်းဟာ ဘတ်ပီကို ကမ္ဘာ့လုပ်ခလစာ အများဆုံးဖြစ်တဲ့ လစာမျိုးပေးပြီး စာချုပ်သက်တမ်းတိုး ဖို့တောင် စီစဉ်နေတာ ဖြစ်ပါတယ်။ ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ရဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၄)လကျော် ကျန်နေသေးတဲ့ အတွက် ပီအက်စ်ဂျီအသင်းဟာ သက်တမ်းမကုန်ခင် ကာလအတွင်းမှာ ကမ်းလှမ်းမှုအသစ်တွေ ပြုလုပ်ဖို့ ရှိနေတာပါ။

ဘတ်ပီကိုတွေ့ရစဉ်(SportMax)

အခုလိုအချိန်မှာ ပြင်သစ်သမ္မတကပါ ဘတ်ပီကို စိတ်အပြောင်းအလဲဖြစ်ပြီး သက်တမ်းတိုးစာချုပ်မှာ လတ်မှတ်ရေးထိုးဖို့ ဆွဲဆောင်နေတာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်ဟာ ဘတ်ပီကို ပီအက်စ်ဂျီမှာ ဆက်ရှိဖို့အတွက် တိုက်ရိုက် ဆက်သွယ်ခဲ့တာဖြစ်ပြီး ပြင်သစ် ခေါင်းဆောင်ဟောင်း ဆာကိုဇီကလည်း အလားတူတဲ့ လုပ်ဆောင်မှုမျိုးကို ပြုလုပ်ခဲ့တာပါ။ ပြင်သစ်မှာရှိတဲ့ ပီအက်စ်ဂျီရဲ့ ကာတာပိုင်ဆိုင်မှု လွှမ်းမိုးမှုနဲ့ ပါဝါတွေကြောင့် နိုင်ငံရေးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ EL Mundo သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ(၂၂)ဂိုးသွင်းယူထားပြီး (၁၆)ဂိုး ဖန်တီးထားတာပါ။ အဲ့ဒါကြောင့် ပီအက်စ်ဂျီ အသင်းဟာ သူ့ရဲ့ ဂိုးပါဝင်ပတ်သက်ခြင်းမရှိဘဲ နိုင်ပွဲရယူနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဘတ်ပီရဲ့ တိုက်စစ်ဆင်မှုတွေဟာ ဒီရာသီမှာ မက်ဆီနဲ့ နေမာတို့ထက် အများကြီး သာလွန်နေပြီး သူ့ရဲ့ အရေးပါမှုကို ဖော်ထုတ် ပြသထားတာ ဖြစ်ပါတယ်။ ဘတ်ပီကတော့ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှ ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ ပြောထားတာ ဖြစ်ပါတယ်။

Source: Mirror