CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်(မန်ယူ)အသင်းကနေ ထွက်ခွာနိုင်ခြေနဲ့ ပတ်သက်ပြီး လာမယ့်လမှာ အေးဂျင့် ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ ဘန်လေအသင်းနဲ့ တဖက်တစ်ဂိုးစီ သရေကျတဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲမှာ ခြေစွမ်းလည်း မပြနိုင်ခဲ့သလို ဂိုးပေါက်လည်း ပျောက်ဆုံးခဲ့တာကြောင့် ပွဲအပြီးမှာ ဥမင်လှိုဏ်ခေါင်းထဲ ကို တန်းပြီး ဝင်သွားခဲ့တာပါ။ ယူနိုက်တက် ကစားသမားဟာ နွေရာသီက ပြန်လည်ရောက်ရှိလာ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ၂၅ ပွဲကစားထားပြီး ၁၄ ဂိုး သွင်းယူထားပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ၅ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေပြီး ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ဂိုးပေါက်ပျောက်ဆုံးမှု နဲ့ ရင်ဆိုင်နေရတာပါ။
ရော်နယ်ဒိုဟာ လာမယ့်လမှာ ဂျော့ချ်မန်ဒတ်စ်နဲ့ ထွက်ခွာနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးဖွယ်ရှိတာကြောင့် အသင်းက ထွက်ခွာဖို့ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ယူဆရကြောင်း မေရာသတင်းက ဖော်ပြထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့မန်ယူအသင်း ယာယီနည်းပြကိုတွေ့ရစဉ်(SportMob)

ရော်နယ်ဒိုရဲ့ ဆုံးဖြတ်ချက်ဟာ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မယ့်သူ အပေါ်မှာ မူတည်တယ်လို့ သုံးသပ်နေကြတာပါ။ ဒါပေမယ့် ယာယီနည်းပြ ရက်ဂ်နစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မယ် ဆိုရင် သူထွက်ခွာဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းနည်းပြ ဖြစ်လာဖွယ်ရှိနေတဲ့ ဇီဒန်းကလည်း ရော်နယ်ဒိုကို ပြင်သစ်ကလပ်ထံ ခေါ်ယူပြီး ပြန်လည် လက်တွဲ အလုပ်လုပ်ဖို့ ဆန္ဒရှိနေတာပါ။

ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနိုဟာ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းထံ ရောက်ရှိနိုင်တာကြောင့် ပြင်သစ်ကလပ်ဟာ ဇီဒန်းကို ခန့်အပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ဇီဒန်းတို့ဟာ ရီးရယ်လ်အသင်းမှာ အောင်မြင် မှု အများအပြား ရယူနိုင်ခဲ့တဲ့အတွက် ပီအက်စ်ဂျီ အသင်းဟာ သူတို့ ၂ ဦးကို ပြန်လည် ပူးပေါင်းပေးဖို့ ပြင်ဆင်နေတာပါ။

ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ထပ်တိုးချုပ်ဆိုမှုတွေ အပါအဝင် ၂၀၂၄ အထိ သက်တမ်း ရှိနေတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့ မယ်ဆိုရင် ပေါ်တူဂီကစားသမားဟာ သေချာပေါက် အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

Source: Sportsmole