CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
 
မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒီဂီယာ ကတော့ အသင်းကို တစုံတယောက်က ကျိန်စာတိုက်နေတယ် ဆိုတာကို ယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။ မကြာသေးခင်နှစ်တွေမှာ ကလပ်အသင်းဟာ ဘာကြောင့် ဒီလောက်ထိ မှားယွင်းသွားခဲ့လဲဆိုတာ နားမလည်အောင်ဖြစ်မိတယ်လို့လည်း ၎င်းကဆိုပါတယ်။
 
မန်ချက်စတာယူနိုက်တက် အသင်းဟာ (၂၀၁၇)ထဲက ဆုဖလားတွေနဲ့ ဝေးကွာခဲ့တာပါ။ ဒီဂီယာ ဟာ (၂၀၁၁) ထဲက ယူနိုက်တက် ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် လက်အောက်မှာ နှစ်ရာသီကြာ ကစားခဲ့တာလည်းဖြစ်ပါတယ်။
 
ဒီဂီယာ က "ကျနော် ကတော့ တစုံတယောက်က ကျိန်စာတိုက်နေတယ်လို့ ထင်ပါတယ်။အမှန်တကယ်က ဘာတွေဖြစ်နေလဲဆိုတာကို ကျနော်မသိပါဘူး။တကယ်ကို မသိတာပါ။လူတွေက ကျနော့်ကို အမြဲမေးကြ တယ်။အသင်းဖော်တွေနဲ့လည်း ဒီအကြောင်းပြောဖြစ်တယ်။ငါတို့ဘာဖြစ်နေမှန်းမသိဘူးလို့ပဲ ပြောကြတယ်"လို့ ပြောခဲ့တာပါ။
 
ဒါ့အပြင် စပိန်ဂိုးသမား က "ကျနော်တို့က ပိုပြီးကြီးမားတဲ့ ဆုဖလားတွေအတွက် ပြိုင်ဆိုင်သင့်ပါတယ်။ဒါပေမယ့် ဒီအသင်းက ဘာကြောင့်အလုပ်မလုပ်လဲဆိုတာ မသိတော့ဘူး"လို့ ပြောခဲ့တာဖြစ်ပါတယ်။
 
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆိုးလ်ရှား ကို ထုတ်ပယ်ပြီး ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ခန့်ထား ပေမယ့် အသင်းရဲ့ရလဒ်တွေဟာ ကောင်းမွန်ခြင်းမရှိသေးတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၆)နေရာထိ ရောက်ရှိနေတာဖြစ်ပါတယ်။
 
Source:Goal.com