CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
လူကာကူ ကတော့ ဆိုရှယ်မီဒီယာ မှာ အသင်း ပရိသတ်တွေ စိတ်ပူနိုင်ပြီး သူ့ရဲ့အနာဂတ်ကို မေးခွန်းထုတ်နိုင်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ စာကို တင်ခဲ့ပါတယ်။လူကာကူ ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ အငြင်းပွားဖွယ် အင်တာဗျုး တခုကြောင့် နည်းပြ၊အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ရတာပါ။
လူကာကူ က "အတင်းအကြပ်လုပ်ခိုင်းမယ်ဆိုရင် အဆင်မပြေဖြစ်နိုင်ပါတယ်"ဆိုပြီး Snapchat မှာ စာရေးတင် ထားခဲ့တာဖြစ်ပါတယ်။လူကာကူ ရေးထားတဲ့စာဟာ ဘာကို ရည်ညွှန်းမှန်းမသိပေမယ့် ချယ်လ်ဆီး အသင်း ပရိသတ်တွေကြားမှာ စိတ်ပူသွားနိုင်တာဖြစ်ပါတယ်။
လူကာကူ ဟာ ပြစ်ဒဏ်ချခံရပြီးနောက် အသင်းမှာ ပြန်လည်ကစားခဲ့ရပေမယ့် အခုတကြိမ်မှာတော့ နောက်ထပ် ပြဿနာတခုကို မီးမွှေးလိုက်တာလည်းဖြစ်ပါတယ်။
၎င်းဟာ မကြာသေးခင်က ရက်သတ္တပတ်တွေမှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရပေမယ့် အယ်လ်ဟီလယ် အသင်း ကို အနိုင်ရခဲ့တဲ ကလပ်ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှာတော့ အသင်းအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူ ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက အင်တာမီလန် အသင်းကနေ ပေါင်(၉၇ ဒသမ ၅)သန်းနဲ့ ပြန်လည်ရောက်ရှိလာတဲ့ လူကာကူ ဟာ ချယ်လ်ဆီး အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ(၂၆)ပွဲကစားထားပြီး (၉)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
Source:Metro