CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
အင်ဒိုနီးရှားအသင်းဟာ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းရဲ့ အတွင်းထဲမှာ ကိုဗစ်ကူးစက်မှု ၇ ဦးအထိရှိပြီး တခြား ၄ ဦးကိုလည်း ကိုဗစ် သံသယရှိသူအဖြစ် ခွဲခြားသတ်မှတ်ထားပါတယ်။
ဒါ့အပြင် ကစားသမား ၃ ဦးဟာ ဒဏ်ရာရရှိနေတယ်လို့လည်း သိရပါတယ်။ အဲ့ဒါကြောင့် ပြိုင်ပွဲကနေ ုတ်ထွက်ဖို့ ဆုံးဖြတ် ခဲ့တာပါ။ အင်ဒိုနီးရှားအသင်း နုတ်ထွက်သွားတာကြောင့် အုပ်စု(B)မှာ မလေးရှား၊ လာအိုနဲ့ မြန်မာအသင်းတို့သာ ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ အုပ်စု(A)မှာတော့ အိမ်ရှင် ကမ္ဘောဒီးယား၊ တီမော၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်း၊ အုပ်စု(C)မှာ ဗီယက်နမ်၊ ထိုင်းနဲ့ စင်ကာပူ အသင်းတို့ ကျရောက်နေတာပါ။
ဒီပြိုင်ပွဲရဲ့ အုပ်စုထိပ်ဆုံး ၃ သင်းနဲ့ အုပ်စုဒုတိယ အကောင်းဆုံးအသင်းဟာ အကြိုဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မြန်မာအသင်းအနေနဲ့ အုပ်စုကနေ နောက်တဆင့် တက်ရောက်ဖို့အတွက် မလေးရှားနဲ့ လာအို အသင်းတို့ကို အနိုင်ကစားဖို့ လိုအပ်နေတာပါ။
ချန်ပီယံရှစ်ပြိုင်ပွဲဇယား(Sports)
မြန်မာအသင်းကတော့ ဒဏ်ရာရနေတဲ့ ဂိုးသမားနဲ့ ကိုဗစ်ကူးစက်ခံထားရတဲ့ ကစားသမားကလွဲပြီး ပဏာမစာရင်းမှာ ပါဝင် တဲ့ ကစားသမား အားလုံးကို ကမ္ဘောဒီးယားနိုင်ငံထံ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီထဲမှာ စပိန်ကလပ် လီဂါနတ်စ် လူငယ်အသင်းမှာ ကစားနေတဲ့ အာသဖလည်း ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။ မြန်မာအသင်းဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ မလေးရှား၊ ၂၁ ရက်မှာတော့ လာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၂၆ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကို အနိုင်ရထားပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာတော့ လက်ရှိချန်ပီယံ အင်ဒိုနီးရှားအသင်းဟာ ပြိုင်ပွဲကနေ ုတ်ထွက်သွားပြီ ဖြစ်ပါ တယ်။
Source- Asean Football