၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဖီဖာရဲ့တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲကို သွားရောက်ပြီး အထူးဆုကို လက်ခံရယူခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အီရန်ဂန္တဝင် ကစားသမားကြီး အလီဒါယီရဲ့ နိုင်ငံတကာသွင်းဂိုးကို ကျော်ဖြတ်ပြီး နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာကြောင့် ဆုချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ လက်ရှိအချိန်မှာ နိုင်ငံတကာသွင်းဂိုး(၁၁၅)ဂိုးအထိ သွင်းယူထားသူပါ။

ရော်နယ်ဒိုဟာ ဇူးရစ်မှာ ပြုလုပ်ခဲ့တဲ့ ဖီဖာတစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲကို ကိုယ်ဝန်ရှိနေတဲ့ သူ့ရဲ့ချစ်သူ ဂျီအိုဂျီနာနဲ့ အကြီးဆုံးသားဖြစ်တဲ့ ခရစ်စတီယာနို ဂျုနီယာတို့ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ခေါ်ဆောင်ပြီး တက် ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ အမျိုးသားအကောင်းဆုံးအတွက် နောက်ဆုံးဆန်ကာတင်သုံးဦးစာရင်းမှာ မပါ ဝင်ခဲ့ပေမယ့် နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကြောင့် အထူးဆုကို ရရှိခဲ့တာပါ။

ရော်နယ်ဒိုက “ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အတူတွဲကစားခဲ့တဲ့ လက်ရွေးစင်အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီစံချိန်ကို ချိုးနိုင်မယ်လို့ မထင်ခဲ့ပါဘူး။ အခုတော့ (၁၁၅)ဂိုးသွင်းယူနိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ကျနော်လေးစားရတဲ့ ဖီဖာကပေးတဲ့ အထူးဆုဖြစ်တဲ့အတွက်လည်း ဂုဏ်ယူမိပါ တယ်။ ကျနော့်ရဲ့ မိသားစု၊ ဇနီးနဲ့ကလေးတွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒါဟာ ကျနော့်အတွက် ကြီးမားတဲ့အောင်မြင်မှုပါပဲ။ ကျနော်ဟာ ကစားပွဲကို စိတ်ထက်သန်မှုရှိနေပါသေးတယ်။ ဂိုးတွေသွင်းဖို့တင် မဟုတ် ဘဲ ကိုယ့်ကိုကိုယ်လည်း ဖျော်ဖြေနိုင်ဖို့ပါ။ မကြာခင် အသက်(၃၇)နှစ်ပြည့်တော့မှာဖြစ်ပေမယ့် စိတ်ဓါတ်တက်ကြွ မှုတွေရှိနေတုန်းပါပဲ”လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဖီဖာပရိုရဲ့ကမ္ဘာ့အကောင်းဆုံံး(၁၁)ဦးစာရင်းမှာလည်း ရွေးချယ်ခံထားရတာပါ။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက်အသင်း နောက်ဆုံး ကစားခဲ့တဲ့ အက် စတွန်ဗီလာအသင်းနဲ့ ပွဲ(၂)ပွဲကို မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဟာ အသင်းနဲ့လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တာကြောင့် ဘရန်ဖိုဒ့်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အတွက် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေတာပါ။

ရော်နယ်ဒို က “ကျနော်ဟာ အသက်(၁၈)နှစ်ကတည်းက အလုပ်ကိုကြိုးစားခဲ့တာဖြစ်ပြီး အခုအချိန်ထိလည်း ဒါကို ဆက်လုပ်နေပါသေးတယ်။ ကျနော်ဟာ ပွဲတွေကို ချစ်မြတ်နိုးပြီး စိတ်ထက်သန်မှုတွေနဲ့အတူ ဆက်သွားချင်ပါ သေးတယ်။ နောက်ထပ်ဘယ်လောက်ကြာကြာ ကစားဦးမလဲလို့ လူတွေက မေးနေကြပါတယ်။ ကျနော်ကတော့ နောက်ထပ်(၄)၊(၅)နှစ်လောက် ထပ်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာပါပဲ။ ခင်ဗျားအနေနဲ့ ခန္ဓာ ကိုယ်ကို ကောင်းမွန်စွာ ဆက်ဆံမယ်ဆိုရင် ခန္ဓာကိုယ်ကလည်း ခင်ဗျားလိုအပ်တဲ့အခါမှာ ပြန်ပေးလိမ့်မယ်လို့ ထင် ကြောင်း” ပြောခဲ့တာ ဖြစ်ပါတယ်။

Source: The Sun