CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်ဖို့အတွက် ရေကူးဘောင်းဘီနဲ့ ရေကန်းကန်ထဲမှာ အပန်းဖြေအနားယူနေပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီး ပျော်ရွှင်နေပုံ ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ ပေါင်ဒဏ်ရာကြောင့် အက်စတွန်ဗီလာ အသင်းနဲ့တဖက်(၂)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပါဘူး။

ရော်နယ်ဒိုဟာ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ဘောင်းဘီတိုကို ဝတ်ဆင်ထားခဲ့ပြီး လက်မထောင်ကာ အနားယူ နေတယ်ဆိုပြီး စာသားကို ရိုးရှင်းစွာ ရေးသားထားပါတယ်။ ရော်နယ်ဒိုဟာ ဒဏ်ရာအသစ်ကြောင့် လေ့ကျင့် ရေးကွင်းကနေ စောစီးစွာထွက်ခွာခဲ့တာဖြစ်ပြီး ဗီလာနဲ့ ကစားရမယ့်ပွဲကို မပါဝင်နိုင်ခဲ့တာ ဖြစ်တယ်လို့ SunSport က ဖော်ပြထားတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြ ရက်ဂ်နစ် က “ရော်နယ်ဒိုနဲ့ လေ့ကျင့်ရေးမစခင်နဲ့အပြီးမှာ စကားပြောဖြစ်ခဲ့ပြီး သူက ကြံခိုင်မှုအပြည့်အဝမရှိဘူးလို့ ဆုံးဖြတ်ခဲ့ ပါတယ်။ဒါပေမယ့် ဗုန္ဓဟူးနေ့မှာတော့ သူပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့”ပြောခဲ့တာပါ။

အသက်(၃၆)နှစ်အရွယ်ရှိ ပေါ်တူဂီကစားသမားဟာ နွေရာသီက မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး သြဂုတ်လမှ စတင်ကာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် (၂၆)ပွဲပါဝင်ကစား ထားခဲ့တာ ဖြစ်ပါတယ်။ SunSport ကတော့ ရော်နယ်ဒိုဟာ ယာယီနည်းပြ ရက်ဂ်နစ်ရဲ့နည်းစနစ်ပိုင်းကို စိတ်ပျက် နေကြောင်းကို ပြီးခဲ့တဲ့ အပတ်က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုက “ရော်နယ်ဒို ဟာ ယူနိုက်တက်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေ အတွက် စိတ်ပူပန်နေပါတယ်။ အသင်းဟာ ဝေဖန်မှုတွေအများအပြားခံနေရပြီး သူ့ကို အသင်းခေါင်းဆောင် တွေထဲက တဦးအဖြစ် သတ်မှတ်ထားတာကို သူသိပါတယ်။ ရော်နယ်ဒိုဟာ ဖိအားတွေခံစားနေရပြီး အခြေအနေ အရ အလွန်ကိုဖိအားပေးနေပါတယ်။ သူ့ရဲ့ ယူနိုက်တက် အပြောင်းအရွှေ့ဟာ အောင်မြင်မှုတွေရဖို့ မျှော်လင့်ခဲ့ ပေမယ့် လက်ရှိအစုအဖွဲ့နဲ့ ဆုဖလားတွေရဖို့ ရုန်းကန်ရမယ်ဆိုတာကို သူစတင်သိလာခဲ့ပါပြီ။ အေးဂျင့် ဂျော့ချ် မန်ဒက်စ်နဲ့ စကားပြောခဲ့ပြီး ဘာမှတော့ မဆုံးဖြတ်ရသေးဘူး”လို့ ပြောထားတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီ ရာသီမှာ (၁၄)ဂိုးသွင်းယူထားတဲ့ ရော်နယ်ဒိုဟာ ကြာသပတေးနေ့မှာ ကစားမယ့် ဘရန်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ အသင်းအတွက် ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

Source: Thesun