CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁

ဘရာဇီးလ် ကစားသမား ဝီလျံက အာဆင်နယ်မှာ မပျော်ရွှင်တော့တဲ့အတွက်အသင်းကိုရောက်ပြီး (၃) လအကြာ မှာပဲ ပြန်ထွက်ခွာချင်ကြောင်း ဝန်ခံလိုက်ပါတယ်။

ဝီလျံ ဟာ (၂၀၂၀) နွေရာသီက ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီးနောက် အာဆင်နယ်အသင်းကို (၃)နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဝီလျံဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ကိုရင်သီယန်အသင်း ထံ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။

အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ဝီလျံက ရီယိုဖာဒီနန်ရဲ့ YouTube Channel Five နဲ့ တွေ့ဆုံခဲ့ရာမှာ “ကျနော်မပျော်ရွှင်ပါဘူး။ အဲဒါကြောင့်လည်း ကျနော် ကောင်းမွန်စွာမလုပ်နိုင်ခဲ့ပါဘူး။ အသေးစိတ် တော့မပြောချင်ပေမယ့် ကျနော်မပျော်ရွှင်ခဲ့ပါဘူး။ ကျနော် ဒီကိုရောက်တဲ့အချိန်တုန်းကတော့ ပျော်ရွှင်ခဲ့ပါတယ်။ အစကတည်းကလည်း စိတ်အားထက်သန်ခဲ့ပါတယ်။ ကလပ်အသစ်၊ အသင်းဖော်အသစ်တွေနဲ့ ပရောဂျတ်အသစ် တွေကို ကောင်းမွန်စွာလုပ်ချင်ပါတယ်။ သုံးလလည်းကြာရော အေးဂျင့်ကို ကျေးဇူးပြုပြီး အသင်းကနေ ထွက်သွား ချင်တယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဝီလျံက “ကလပ်အသင်းအကြောင်း မကောင်းမပြောချင်ပါဘူး။ ဒီအသင်းဟာ ကြီးမားတဲ့ ဘောလုံးသမိုင်း ကြောင်းရှိပြီး နာမည်ကြီးကစားသမားတွေလည်း ရှိလို့ပါပဲ။ ဒါပေမယ့် ကျနော်အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါဟာ ကျနော့် ကစားသမားဘဝရဲ့ အခက်အခဲဆုံးအချိန်တွေပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဝီလျံ ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်(၂) နှစ်ကျန်ရှိခဲ့ပေမယ့် လုပ်ခလစာမယူဘဲ စာချုပ်ဖျက်သိမ်းခဲ့တာပါ။ ဘရာဇီးလ် ကစားသမားက “ကျနော် ပိုက်ဆံအများကြီးကို စွန့်လွှတ်ခဲ့ပါတယ်။ ပိုက်ဆံကဘဝမှာ အရေးကြီးဆုံးအရာ မဟုတ်ပါဘူး။ ပျော်ရွှင်ဖို့ပဲ လိုအပ် တာပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ နိုးထပြီး လေ့ကျင့်ရေးတွေလုပ်ချင်ပါတယ်”လို့ ပြောခဲ့တာပါ။

ဝီလျံက ထပ်ပြီး “ကျနော့်အတွက်တော့ ပိုက်ဆံကြောင့် ကိုယ်မနေချင်တဲ့နေရာမှာ နေရတာဟာ မမျှတဘူးလို့ ခံစားရပါတယ်။ ကျနော်ဟာ ချယ်လ်ဆီးကနေ လာခဲ့တဲ့အတွက် ဆိုရှယ်မီဒီယာကနေ မက်ဆေ့ချ်တွေ အများကြီး ရရှိခဲ့ပါတယ်။ ကျနော်သာ အခြားကလပ်ကနေ လာမယ်ဆိုရင် ဒါဟာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်ဟာ ချယ်လ်ဆီးကလာပြီး ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲဒါကိုတွေးပြီး ကျနော်ထွက်သွားချင် တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဝီလျံဟာ အာဆင်နယ်အသင်းအတွက် (၃၇) ပွဲပါဝင်ကစားခဲ့ပြီး (၁) ဂိုးသာ သွင်းယူနိုင်ခဲ့သူပါ။

Source: Goal