CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁

အက်စတွန်ဗီလာ အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ စတီဗင်ဂျရတ်ဟာ ပိုလန်လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် ချဉ်းကပ်ခံနေရတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။

ပိုလန်အသင်းဟာ နည်းပြ မီချီနီဝစ်ဇ် ရာထူးကနေ ထွက်ခွာခဲ့တာကြောင့် နည်းပြသစ် ရှာဖွေနေတာဖြစ်ပြီး စတီဗင်ဂျရတ်ကို ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဟာ နည်းပြဘဝ ပထမဆုံး ကလပ်အဖြစ် ရိန်းဂျားစ်အသင်းကို ကိုင်တွယ်ခဲ့တာမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် အက်စတွန်ဗီလာ အသင်းမှာတော့ ရလဒ်တွေ ဆိုးနေခဲ့တာကြောင့် အောက်တိုဘာလက ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပိုလန်အသင်းဟာ အင်္ဂလန်ကစားသမားဟောင်းကို အလေးအနက်ထား ကမ်းလှမ်းဖို့ စဉ်းစားနေပြီး လစာ အများအပြား ပေးဖို့အထိ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပိုလန်အသင်း တိုက်စစ်မှူးကိုတွေ့ရစဉ်

စတီဗင်ဂျရတ် အနေနဲ့ ပိုလန်အသင်းကို ကိုင်တွယ်နိုင်ခဲ့မယ်ဆိုရင် အက်စတွန်ဗီလာ အသင်းမှာ လက်တွဲခဲ့တဲ့ ဘတ်နာရက်ခ်၊ မတ်တီးကတ်ရှ်တို့နဲ့ ပြန်လည် အလုပ်လုပ်ရမှာပါ။

ပိုလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး ပြင်သစ်အသင်းကို အရေး နိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပိုလန်လက်ရွေးစင် နည်းပြရာထူးအတွက် စတီဗင်ဂျရတ်အပြင် ပေါ်တူဂီနည်းပြသစ် ဖြစ်လာတဲ့ မာတီးနတ်ဇ်၊ ဆော်ဒီနည်းပြ ဟာဗတ်၊ ဆွစ်ဇာလန်နည်းပြဟောင်း ပတ်ကိုဗစ်တို့လည်း ပါဝင်နေတာပါ။ ပိုလန်အသင်းဟာ လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမတိုင်ခင် နည်းပြသစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပိုလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ချက်၊ အယ်လ်ဘေးနီးယား၊ ဖာရိုးကျွန်းစု၊ မော်ဒိုဗာတို့နဲ့ အုပ်စု E မှာ ကျရောက်နေတာပါ။

ခြေစစ်ပွဲအဖွင့်ပွဲစဉ်အဖြစ် မတ်လ ၂၄ ရက်နေ့မှာ ပိုလန်အသင်းဟာ ချက်နဲ့ အဝေးကွင်း၊ မတ်လ ၂၇ ရက်မှာ အယ်ဘေးနီးယားနဲ့ အိမ်ကွင်းပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Thu Sun