CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉
ပိုလန်စံချိန်တင်ဂိုးသွင်းရှင် လီဝန်ဒေါစကီးဟာ အသင်းခေါင်းဆောင်ရာထူး အစားထိုးခံခဲ့ရပြီးနောက် နည်းပြ ပရိုဘီယာ့ဇ် ကိုင်တွယ်နေချိန်မှာ ပိုလန်လက်ရွေးစင် အသင်းအတွက် မကစားဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့ ပါတယ်။
လီဝန်ဒေါစကီးက “အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး နည်းပြအပေါ်မှာ ယုံကြည်မှု ဆုံးရှုံးသွားတဲ့အတွက် ပိုလန်လက်ရွေးစင်အသင်းမှာ သူတာဝန်ယူနေတဲ့ အချိန်အတွင်း ကစားတာကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ပရိသတ်တွေအတွက် ကျနော်နောက်ထပ် ပါဝင်ကစားဖို့ အခွင့်အရေးရှိဦးမယ်လို့ မျှော်လင့် ကြောင်း”သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပိုလန်လက်ရွေးစင်အသင်းအတွက် ၁၅၈ ပွဲ ကစားထားပြီး ၈၅ ဂိုး သွင်းယူထားကာ နိုင်ငံအသင်းရဲ့ ပွဲအရေအတွက် အများဆုံးနဲ့ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေ တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးကို တွေ့ရစဉ်
ဒါပေမယ့် လီဝန်ဒေါစကီးဟာ ဒီလထဲ ယှဉ်ပြိုင်ကစားနေတဲ့ နိုင်ငံတကာပွဲတွေအတွက် ပိုလန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
လီဝန်ဒေါစကီးက သူဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာကြောင့် မပါဝင်နိုင်ခဲ့တာလို့ ပြောထားတာပါ။
ပိုလန် FA က နည်းပြ ပရိုဘီယာ့ဇ်ဟာ အင်တာမီလန်အသင်း ကွင်းလယ်လူ ဇီလင်စကီးကို အသင်း ခေါင်းဆောင် သစ် အဖြစ်ခန့်အပ်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လီဝန်ဒေါစကီးနဲ့ အသင်းတစ်သင်းလုံးကို အသိပေးခဲ့ တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာအပြီးမှာ လီဝန်ဒေါစကီးဟာ နည်းပြပြောင်းလဲမှု မပြုလုပ်မချင်း ပိုလန်အသင်း အတွက် ပါဝင်မကစားဖို့ ကြေညာခဲ့တာပါ။
ပိုလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရရှိထားပြီး လာမယ့်ပွဲစဉ်အဖြစ် ဇွန်လ ၁၀ ရက်မှာ ဖင်လန်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC