CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၁

လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်ဟာ လာမယ့် ၄၈ နာရီအတွင်း အသင်းဟောင်း ရိန်းဂျားစ်အသင်းနဲ့ နည်းပြရာထူးအတွက် ဆွေးနွေးမှုပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ 

အသက် ၄၄ နှစ်အရွယ်ရှိ စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ ရေပန်း အစားဆုံး ဖြစ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

စတီဗင်ဂျရတ်ဟာ ပရော်ဖက်ရှင်နယ် အကြောင်းပြချက်နဲ့ ပြင်သစ်မှာ လာမယ့် ရက်သတ္တပတ် ကျင်းပမယ့် ပရဟိတပွဲကနေ နုတ်ထွက်ထားပါတယ်။

ဆောက်သမ်တန်အသင်း နည်းပြဟောင်း ရပ်ဆဲလ်မာတင်လည်း ရိန်းဂျားစ်အသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာပါ။ 

ဒါပေမယ့် စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်း အကြီးအကဲတွေရဲ့ ထောက်ခံမှုကို ရရှိနေတာဖြစ်ပါတယ်။ 

စတီဗင်ဂျရတ်ကို တွေ့ရစဉ်

အင်္ဂလန်ကစားသမားဟောင်းဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းကို နောက်ဆုံး ကိုင်တွယ် ထားပြီး အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဇန်နဝါရီမှာ နည်းပြရာထူးကနေ ထွက်ခွာခဲ့ရတာပါ။

စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကို ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ တစ်ရာသီလုံး ရှုံးပွဲမရှိနဲ့ အမှတ်ပေးဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ 

စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ အက်စတွန်ဗီလာနဲ့ အယ်လ်အက်တီဖတ် အသင်းတွေကို ကိုင်တွယ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ရိန်းဂျားစ်အသင်းဟာ ဒီရာသီ စကော့တလန် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၂ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့သလို ပြည်တွင်းပြိုင်ပွဲတွေနဲ့ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ 

ရိန်းဂျားစ်အသင်းဟာ ကစားသမား ၆ ဦးကို ထွက်ခွာခွင့်ပေးခဲ့ပြီး နွေရာသီမှာ ကစားသမားသစ်တွေ အားဖြည့်မှာ ဖြစ်သလို နည်းပြသစ်ကိုလည်း ခန့်အပ်နိုင်ဖို့ ပြင်ဆင်နေတာပါ။ 

ရိန်းဂျားစ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် ဒုတိယအဆင့် ခြေစစ်ပွဲ ကနေ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Dailymail