CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

စပိန်နဲ့ ဘာစီလိုနာအသင်း နည်းပြဟောင်း လူးဝစ်အင်းနရစ်က ပရီးမီးယားလိဂ်မှာ နည်းပြအဖြစ် ဆောင်ရွက်ချင် တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ကျနော် အင်္ဂလန်မှာ အလုပ်သွားလုပ်ချင်ပါတယ်။ ဒါပေမယ့် ဇူလိုင်လထဲမှာတော့ ကိုယ့်ကိုယ် ကို ပရီးမီးယားလိဂ်မှာ မမြင်တွေ့ရပါဘူး။ ဘာကြောင့်လဲဆိုရင် အရေးကြီးတဲ့ အရာတွေကို လုပ်ဆောင်နိုင်တဲ့ အသင်း တစ်သင်းကို သွားရောက်ချင်လို့ပါ။ ဒါပေမယ့် ဒါက ခက်ခဲပါတယ်။ အခုအချိန်မှာတော့ ဘယ် ပရီးမီးယား လိဂ် ကလပ်အသင်းကိုမှ ကျနော် မသွားပါဘူး”လို့ ပြောခဲ့တာပါ။

စပိန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်း ၁၆ သင်း အဆင့်ကနေ ထွက်ခွာရပြီးနောက် နည်းပြရာထူးကနေ ထွက်ခွာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

အင်းနရစ်ဟာ နိုင်ငံလက်ရွေးစင် အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိထားပေမယ့် ပရီးမီးယားလိဂ် ကလပ် အသင်း တွေကို ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးကို စောင့်ဆိုင်းနေတာပါ။

စပိန်အသင်း နည်းပြအဖြစ် တာ၀န်ယူခဲ့စဉ်က လူးဝစ်အင်းနရစ်ကိုတွေ့ရစည်

ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ နည်းပြ ကွန်တီနဲ့ နှစ်ဦးသဘောတူ လမ်းခွဲပြီးနောက် လူးဝစ်အင်းနရစ် ဟာ စပါးအသင်း ပစ်မှတ်ထားနေတဲ့ ဆန်ကာတင် နည်းပြတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် စပါးအသင်းဟာ ကွန်တီရဲ့ လက်ထောက်နည်းပြ စတယ်လီနီကို ရာသီအကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်ထားတာကြောင့် ရာသီကုန်မှသာ နည်းပြသစ် ခန့်အပ်ဖို့ ရှိနေတာပါ။

ပီအက်စ်ဂျီကလည်း နည်းပြ ဂယ်လ်တီယာကို ထုတ်ပယ်ခဲ့မယ်ဆိုရင် နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လူးဝစ် အင်းနရစ်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ရယူဖို့ ပစ်မှတ်ထားနေပေမယ့် ၁၆ သင်းအဆင့်ကနေ စောစီးစွာ ထွက်ခွာခဲ့ရတာကြောင့် နည်းပြ ဂယ်လ်တီယာကို ထုတ်ပယ်ဖို့ စဉ်းစားနေပြီး စပိန်နည်းပြဟောင်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

Source: Goal