CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

ရိုမန်အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်း ပိုင်ရှင်အဖြစ် ရှိနေချိန်အတွင်းမှာ ဒတ်ချ်ကလပ် တစ်ခုကို ဝယ်ယူနိုင် ဖို့အတွက် လျှို့ဝှက်ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ၂၀၁၀ က ဗီတက်ဆီအသင်းကို ဂျော်ဂျီယာ လက်ရွေးစင်ဟောင်း ဂျော်ဒါနီယာက ဦးဆောင် ပြီး ဝယ်ယူမှုမှာ ငွေကြေးထောက်ပံ့ ပေးနိုင်ဖို့အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်နေခဲ့တာပါ။

အေဘရာမိုဗစ်ချ်ဟာ ဗီတက်ဆီ အသင်းအတွက် ပေါင် ၁၀၃ သန်းအထိ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး ချယ်လ်ဆီး အသင်းမှာရှိတဲ့ မေဆန်မောင့်၊ မာတစ်နဲ့ ဘရိုဂျာတို့ကိုလည်း အငှားချခဲ့တာ ဖြစ်ပါတယ်။

ဗီတက်ဆီအသင်းကို အဲဒီအချိန်တုန်းက ဝယ်ယူခဲ့တဲ့ ဂျော်ဒါနီယာကတော့ အေဘရာမိုဗစ်ချ် မပါဝင်ဘူးလို့ ပြောခဲ့ပါတယ်။

၂၀၁၃ မှာ ရုရှား စီးပွားရေး လုပ်ငန်းရှင် ချီဂရင်စကီးက ဗီတက်ဆီအသင်းကို အပြည့်အဝ ထိန်းချုပ်အပြီး ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေကို ဒတ်ချ်ကလပ်ထံ အငှားချခဲ့ပါတယ်။

ဗီတက်ဆီအသင်းသား တစ်ဦးကိုတွေ့ရစဉ်

 

အဲဒီနောက်ပိုင်းမှာတော့ သံသယတွေ ထပ်ပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဗီတက်ဆီအသင်းကို ကနဦး ဝယ်ယူချိန်ကတည်းက သူပါဝင်နေတယ် ဆိုတာဟာ ပိုပြီးထင်ရှားတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ကတော့ ဗီတက်ဆီနဲ့ ရုရှားဘီလျံနာတို့ ချိတ်ဆက်မှု ရှိ၊မရှိကို နှစ်ကြိမ်တိုင်တိုင် စုံစမ်း စစ်ဆေးခဲ့ပေမယ့် အေဘရာမိုဗစ်ချ် ဆီကနေ ငွေကြေးချိတ်ဆက်မှု ဒါမှမဟုတ် သြဇာလွှမ်းမိုးမှုဆိုင်ရာ အထောက် အထားကို ရှာမတွေ့ခဲ့ပါဘူး။

လန်ဒန်ကလပ်ဟာ ဗီတက်ဆီအသင်းထံ ကစားသမား စုစုပေါင်း ၂၉ ဦးကို အငှားစေလွှတ် ခဲ့တာပါ။ ချယ်လ်ဆီး အသင်းဟာ လက်ရှိ အချိန်မှာတော့ ပိုင်ရှင်အသစ် လက်အောက်မှာရှိနေပြီး အေဘရာမိုဗစ်ချ် ရှေ့နေကတော့ ဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

ဗီတက်ဆီက “ဗီတက်ဆီဟာ မာရင်ဒါလီကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်းကို မသိရှိပါဘူး။ ဗီတက်ဆီမှာ ဘယ်လို ချေးငွေ သဘောတူညီမှုမှ မရှိပါဘူး”လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail