CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၄

ချယ်လ်ဆီး အသင်းအနေနဲ့ အရောင်းအဝယ် ပြုလုပ်ဖို့ ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့မယ်ဆိုရင် လာမယ့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ အထုတ်ခံရနိုင်တယ်လို့ The Sun က ဖော်ပြထားပါတယ်။

အေဘရာမိုဗစ်ချ် ဟာ ကလပ်အသင်းကို ချေးထားတဲ့ ပေါင် ၁.၆ ဘီလီယံကို ရောင်းချမှု တစ်စိတ်တစ်ပိုင်းအဖြစ် အပြည့်အဝ ပြန်လည်ပေးချေဖို့ တောင်းဆိုခဲ့ပြီးနောက် အခုလိုတွေ ဖြစ်လာခဲ့တာပါ။

ချယ်လ်ဆီး အသင်းကို ရောင်းချဖို့အတွက် LA Dodgers ပူးတွဲပိုင်ရှင် တော့ဒ်ဘိုလီ ကို Raine အုပ်စုက ဦးစားပေးအဖြစ် ရွေးချယ်ထားတာပါ။ လက်ရှိအချိန်မှာ အေဘရာမိုဗစ်ချ်ရဲ့ တောင်းဆိုမှုတွေကြောင့် ဆွေးနွေးမှုတွေဟာ ပျက်သွားနိုင်သလို ဘယ်လို သဘောတူညီချက်မဆို ပိတ်သွားနိုင်တာ ဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ် ဟာ အစောပိုင်းက အသင်းထံ ချေးထားတဲ့ ငွေကြေး အများအပြားကို ပြန်ယူမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ တာပါ။ ဒါပေမယ့် ရုရှားဘီလျံနာဟာ စိတ်ပြောင်းသွားခဲ့ပြီး ပြန်လည်ပေးချေဖို့ တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရက အေဘရာမိုဗစ်ချ် ကို ဒဏ်ခတ်ပိတ်ဆို့ပြီးနောက် ချယ်လ်ဆီး အသင်းဟာ အစိုးရက ချပေးထားတဲ့ အထူး လိုင်စင်နဲ့ လည်ပတ်နေရတာပါ။ ကလပ်ရဲ့ လည်ပတ်ခွင့် လိုင်စင်ဟာ မေလ ၃၁ ရက်အထိသာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းအနေနဲ့ ဇွန်လအထိ အသင်းကို မရောင်းချနိုင်ဘူးဆိုရင်တော့ ဗြိတိန်အစိုးရဆီကနေ လိုင်စင်ရတော့မှာ မဟုတ်ဘဲ ပရီးမီးယားလိဂ်ကနေ ပိတ်ပင်ခံရမယ့် ဖြစ်နိုင်ဖွယ် အခြေအနေတစ်ခုကို ရောက်ရှိသွားတော့မှာပါ။ ဒီလို သတင်း တွေ ထွက်နေပေမယ့် ဗြိတိန်ဘီလျံနာ ဆာဂျင်မ်ရက်ကလစ်ဖ် ဟာ ချယ်လ်ဆီး အသင်းကို ဝယ်ယူနိုင်ဖို့ မျှော်လင့်နေဆဲ ဖြစ် တယ်လို့ သိရပါတယ်။

ရက်ကလစ်ဖ် ဟာ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေနဲ့ တောဒ့်ဘိုလီ ဆီကနေ ချယ်လ်ဆီး အသင်းကို ရယူနိုင်မယ်လို့ ယုံ ကြည် နေတာပါ။

အသက်(၆၉) နှစ်အရွယ်ရှိ ဗြိတန်ဘီလျံနာဟာ ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ ပေါင် ၄.၂၅ ဘီလီယံနဲ့ ကမ်း လှမ်းမှု ပြုလုပ်ထားတာဖြစ်ပြီး ၁၀ နှစ်အတွင်း ကလပ်အတွက် အကျိုးရှိနိုင်မယ့် အရာတွေအတွက် ပေါင် ၁.၇၅ ဘီလီယံ သုံးစွဲ ဖို့ ကတိပြုထားတာ ဖြစ်ပါတယ်။

Source: The Sun/Sportsmole