CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၁

အေဘရာမိုဗစ်ချ် ဟာ ရုရှားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတွေမှ ချယ်လ်ဆီးကို ဝယ်ယူဖို့ ကမ်းလှမ်းတာကို လက်ခံဖို့ ငြင်းဆန်နေခဲ့မယ်ဆိုရင် အသင်းဟာ အမှတ်လျှော့ခံရလာနိုင်တယ်လို့ သိရပါတယ်။

ဗြိတိန်အစိုးရဟာ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားပေမယ့် ကလပ်အသင်းကို ရောင်းချမှုမှာ တော့ ရုရှားဘီလျံနာ ဟာ လွှမ်းမိုးလာနိုင်တယ်လို့ ဒေးလီးမေးလ် က ဖော်ပြခဲ့တာပါ။ အဲဒါကြောင့် ချယ်လ်ဆီး အသင်းဟာ အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်သွားနိုင်ပြီး ရမှတ်(၉)မှတ်လျှော့ချခံရမှာ ဖြစ်ပါတယ်။ ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ချယ်လ်ဆီး အသင်းဟာ အဆင့်(၄)အတွင်း ဝင်ရောက်ခွင့်နဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက် တွေ ပျောက်ဆုံးသွားမှာပါ။

(၂၀၀၃)ခုနှစ်ကတည်းက ချယ်လ်ဆီး အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ အေဘရာမိုဗစ်ချ် ဟာ အနောက်လန်ဒန်ကလပ် ကို ရောင်းချဖို့အတွက် The Raine Group ကို ငှားရမ်းထားတာဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ် ဟာ အမေရိကန်နဲ့ ဗြိတိန် က အလားအလာရှိတဲ့ ဝယ်ယူသူတွေရဲ့ ကမ်းလှမ်းမှုကို ဗီတိုအာဏာသုံးပြီး ပယ်ချခွင့်ရှိတယ်လို့ သတင်း ရင်းမြစ်တွေက ပြောခဲ့တာပါ။ချယ်လ်ဆီး ကို ဝယ်ယူဖို့အတွက် အမေရိကန်နဲ့ဗြိတိန်တို့ ပြင်ပကနေ အမြင့်ဆုံး ဆော်ဒီမီဒီယာအုပ်စုက ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ဆော်ဒီမီဒီယာအုပ်စုဟာ ချယ်လ်ဆီး ကို ဝယ်ယူဖို့ ပေါင်(၂.၆၆)ဘီလျံနဲ့ ကမ်းလှမ်းထားပေမယ့် ဒီလုပ်ငန်းစဉ်ကို ကြီးကြပ်နေတဲ့ အဓိပတိ ရီရှီဆူနက်ခ် ကတော့ ဒါကို ငြင်းပယ်ဖို့ ရှိနေတာပါ။ အေဘရာမိုဗစ်ချ် ဟာ ရုရှား သမ္မတ ပူတင် နဲ့ နီးစပ်တဲ့သူဖြစ်တာကြောင့် ချယ်လ်ဆီး အသင်းကို ရောင်းချရတဲ့ ငွေတစ်ပြားတစ်ချပ်မှကို ရရှိမှာ မဟုတ် ဘူးဆိုတာကို ဗြိတိန်အစိုးရက ပြောထားပြီးဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဗြိတိန်အစိုးရဟာ အေဘရာမိုဗစ်ချ် ရဲ့ လန်ဒန်မှာရှိတဲ့ ပေါင်သန်း(၂၀၀)တန် နေအိမ်ကိုလည်း သိမ်းဆည်းထားပြီး ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။

ကလပ်ရဲ့ဘဏ်ကတ်တွေအပါအဝင် သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်း ထားပြီး ချယ်လ်ဆီး အသင်းအနေနဲ့လည်း အပြောင်းအရွှေ့စျေးကွက်မှာ ပါဝင်လို့ရမှာ မဟုတ်တော့သလို ပိတ်ဆို့ မှုတွေ ခံနေရတာဖြစ်ပါတယ်။

Source: TheSun